Professional Authors

သင်္ကြန် ၂

ဟိုးရှေးရှေးတုန်းက…
သပြေတစ်ခက် ရေတစ်ခွက်နဲ့
ရေပက်ဖူးဖဲ့ကြသတဲ့…..။

ဟိုးရှေးရှေးတုန်းက…
ပိတောက်ဝါပန်း ဆင်ကာမြန်းလို့
ပျိုမေတို့ အသွင်လန်းဖူးသတဲ့…..။

ဟိုးရှေးရှေးတုန်းက…
ခွေးသာရေကိုခင်း လူပြည့်ကိုနင်းဖို့
သိကြားမင်းကြီးဆင်းဖူးသတဲ့…..။

သြော်…ခုများတော့လည်း…..
သောက်ချင်ရာသောက် မှောက်ချင်ရာမှောက်
အလူးအလဲနဲ့ မူးကွဲပြဲနေ
ပေါင်လယ်တိုပြတ် ရင်ကိုလှပ်လို့
လုံမပျိုလည်း မရှက်တော့ပေ
မှတ်စရာမလောက် ခွေးသားရေပျောက်လို့
သိကြားမင်းလည်းမရောက်တော့ပေ……။

ပိတောက်ဝါတို့ရေ…
မငိုငါနဲ့…
ရာသီတွေလည် အချိန်တွေပြယ်တဲ့တစ်နေ့
ရိုးရာနှစ်ဦး အတာကူးကို
အတူမြူးဖို့…….ခုတော့…
စောင့်ကြဦးစို့…။။

In: ကဗျာ Posted By: Date: Mar 22, 2015
Comment #1

ခေတ်ကို ထင်ဟပ်စေသော ကဗျာ

commentinfo By: Mayga at Apr 16, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment