Professional Authors

သူစိမ်း ၁၂ (စိုင်းဝင်းမြင့်)

လူလူချင်းထိခတ်ရုံဖြင့်
အပျော်ကူးစက်ပ့ါမလား။
မြင့်တက်သွားတဲ့ ချားရဟတ်တစ်ခုကို
ငြီးငွေ့မှုက တစ်ပတ်ပြန်ကျပေါ့။
မင်းမဖြတ်ခဲ့တဲ့ ပွဲတော်လက်မှတ်ထက်
နောက်ထပ်သူစိမ်းတစ်ပုဒ်က အသက်ဝင်မယ်။
ငါလေ
ဝင်နေတဲ့ အဖျားသွေးနဲ့ လူအပြတ်ဆုံးလမ်းကလေး
အလွမ်းအဆွေးဖြင့် ရွေးလျှောက်ခဲ့တယ်။
စိုင်းဝင်းမြင့်
မဟေသီ စက်တင်ဘာ ၂၀၀၁

Leave Comments

Name*

Email*
Website
Email me whenever there is new comment