Professional Authors

လွတ်လပ်ရေးပေးပါ

        

ဒို့ရေ ပြန်ပေး
ဒို့မြေပြန်ပေး
ကိုယ့်အ မွေ ကိုယ်ပြန်တောင်းတာ
သူခိုးကလူဟစ်
ပုဒ်မ’၁၈’တဲ့။
ခင် ဗျား တို့ပစ်တဲ့ကျည်ဆံ
ဘယ်ပုဒ်မနဲ့တန်မလဲ?
ဒို့ဘဏ္ဏာငွေနဲ့ဝယ်ထားတဲ့ကျည်ဆံ
ဒို့ရင် ဘတ်ပြန်မှန်တာလောက်
ကြေကွဲစရာဘာရှိမလဲ?
လွတ်လပ်ရေးပြန်ပေးပါ
လွတ်လပ်ရေးပြန်ပေးပါ
ဦးနှောက်ကိုထုတ်
အ သွေးအသားကိုဆုတ်
မြေကတုတ်ထဲက ဘဝ တွေ
ကိုဘုန်းမော်ဘယ်နှစ်ယောက်
သေရဦးမလဲ?
ဝင်းမော်ဦးဘယ်နှစ်ယောက်
သေရဦးမလဲ?
ကိုပါကြီးဘယ်နှစ်ယောက်
သေရဦးမလဲ?
ဒေါ်ခင် ဝင်းဘယ်နှစ်ယောက်
သေရဦးမလဲ?
ခုပဲစာရင်းထုတ်
ဒို့လည်ဂုတ်တွေဆန့်ပေး
လွတ်လပ် ရေးနဲ့လဲပါ ရ စေ။ ။
                   ဝေယံအောင်(ဓါတုဗေဒ)
In: ကဗျာ Posted By: Date: Jan 24, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment