Professional Authors

မိုးရောက်လေပြီ

မိုးရောက်လေပြီ

မိုးရောက်လေပြီ
ငွေ့ရည်ရွှန်းလက် ၊ လျှပ်တပြက်လျှင်
ပြိုးပြက်ထင်မှား ၊ တိမ်မင်းသားသည်
သနားငယ်ပို ၊ မျက်နှာညိုနှင့်
ကြိုဆို တ,လွမ်း ၊ လျ,နွမ်းသည်းခိုင်
ပျက်ကြွေယိုင်သို့ ၊ မှိုင်ထွေထွေတည့်
ပူပွေသောက ၊ ဖြေမရနိုင်
နွမ်းလျမှိုင်တွေ ၊ ကျွမ်းငွေ့ဝေသည်
စက်မြေအဆုံးလှိုင်တကား။
စိုးကြောက်နေသည်
ရာသီနွေနှောင်း ၊ တပြောင်းတပြန်
ဖောက်လွှဲဟန်ကြောင့် ၊ ဖန်ဖန်ကွဲကြေ
စိုမျက်ရည်သို့ ၊ သည်းကြွေပျက်သုဉ်း
စံနှုန်းတမူ ၊ သည်းအူပြတ်မျှ
ကြုံရသရွေ့ ၊ ပျော်မမွေ့ဘူး
ခြောက်သွေ့နှလုံး ၊ ကြိမ်အုံးမီးလို
ငိုညဉ်းလှိုင်ဝေ ၊ နွမ်းလျကြွေသည်
ခက်ပွေမဆုံးနိုင်တကား။
မိုးသောက်ငွေရည်
ရွှေပြည်အဆင်း ၊ ပဇ္ဇုန်မင်းလျှင်
ဖြန့်ခင်းခြေလက် ၊ တိမ်နှင့်ဖက်သော်
မိုးစက်သွန်းဖြာ ၊ လူ့ပြည်ရွာတွင်
သာယာချမ်းအေး ၊ တောင်းဆုပေးသို့
ရွှင်တေးကြည်လင် ၊ သခင်ကျွန့်,နှောင်း
ပြန်ပြောင်းရည်မျှော် ၊ ရမ်းရော် တ,တမ်း
ရွှင်လန်းချမ်းမြေ့ ၊ ပျော်မွေ့မွေ့လွင်
သန့်စင်ကြိုင်ဝေ ၊ သွယ်ဆုခြွေသည်
မက်ပြေအပြုံးကြိုင်တကား။ ။
နှင်းငွေ(မန္တလေး)
In: ကဗျာ Posted By: Date: Jan 23, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment