Professional Authors

ငယ်ငယ်တုန်းက အိပ်မက်ကောင်း

ငါတို့ကငွေကို ဖန်ဆင်းခဲ့တယ်
ငွေက ငါတို့ကို ပြန်ပြီး ဖန်ဆင်းတယ်
လှိုဏ်ဂူလမ်း ပိုပိုပြီး ကျဉ်းလာ 
တိုးဝင်လေ ပိုမှောင်လေ 

ငါတို့ လမ်းတွေ ဖောက်ကြတယ် 
လမ်းက ငါတို့ကို ဆွဲခေါ်သွားတယ် 
လမ်းတွေ ပိုပိုပြီးကောက်လာ 
ရှေ့တိုးလျှောက်လေ ပိုဝေးလေ 

ထောင်ချောက်တွေ 
အလင်းမဲ့နေ့တွေ 
အဆုံးမဲ့နွံအိုင်တွေ 
သံသရာ မဆုံးသ၍
ပန်းများလည်း မပွင့်တော့ပြီ…,…..

တိမ်နှင်လေခပ်ကြမ်းကြမ်းအာက် အရိပ်တို့ပြိုကွဲ
ပျံ့ကျဲသွားတဲ့ စီးကရက်မီးခိုးငွေ့ 
ကျေးဇူးပြု၍ ကျွန်တော့် အိပ်မက်များ ပြန်ပေးပါ ………….

In: ကဗျာ Posted By: Date: Jan 16, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment