Professional Authors

“လားရာ အရပ်”

”၂၀၁၅ မှာ ဘာသာရေးကို အသုံးချပြီး မဲဆွယ်မဲ့ ပါတီကို မဲပေးမယ်….”
…………ခေါင်းစဉ် ကိုဖတ်လိုက်တာနဲ့ စိတ်ဓာတ်
 နိပ်ကျလိုက်တာ အောက်တန်းကျလိုက်တာ လို့ထင်စရာကြီး…တကယ်တော့ သည်စာကို
အချိန်ပေးဖတ် အချိန်ပေးပီး စဉ်းစားစေချင်လွန်း
လို့ တမင်သုံးလိုက်ရခြင်းပါ …တကယ်ဆို
ဘာသာရေးနဲ့ပတ်သက်ပီး လွတ်လပ်စွာ
 ရွေးချယ် ယုံကြည် ကိုးကွယ်ခွင့် ပေးတဲ့ ပါတီကို
မဲပေးမယ်လို့ ရေးချင်တာပါ… သည်လိုပြောလို့
အခုကော မလွတ်လပ်လို့လားလို့ မေးငေါ့ခဲ့ရင်
လွတ်လပ်တယ်လို့ ပြောလို့ရပါတယ် ..ဒါပေ
မယ့် လွတ်လပ် ဆိုတဲ့ စကားလုံးနောက်မှာ
ရွေးချယ် ဆိုတဲ့စကားလုံး ပါသေးတယ်..သည်
တော့ ဘယ်လိုရွေးချယ်ခွင့်ပေးမလဲဆိုတာ
စဉ်းစားဖို့လိုလာပါတယ်.. အလယ်တန်း
ပညာရေး သို့မဟုတ် အထက်တန်း ပညာရေး
သို့ တက္ကသိုလ် ပညာရေး စသည့် တစ်နေရာ
ရာ သို့ အတန်းအားလုံးမှာ မသင်မနေရ သင်
ရမယ် လေ့လာရမယ် သင်ရိုးညွှန်းတန်းတစ်ခုအနေဖြင့် သင်ကြားဖို့ ခွင့်ပြုရမည်။
(မှတ်ချက် ဘာသာကြီး လေးခုစလုံးပါ..ဟိန္ဒူဘာသာ..ဗု

ဒ္ဓဘာသာ..
ခရစ်ရှန်ဘာသာ..အစ္စလမ်ဘာသာ..)

ဒါကို အနိုင်ရတဲ့ ပါတီက
လုပ်ဆောင်ပေးမယ်လို့ မဲဆွယ်တဲ့ပါတီကို
မဲပေးမယ်.. အတန်းပညာရေးမှာ ထဲ့သွင်း သင်
ကြားလိုက်ခြင်းအားဖြင့် အမိ အဘ က ဒီဘာ
သာကို ကိုးကွယ်လို့လိုက် ကိုးကွယ် ရတဲ့ မိရိုး
ဖလာ ကိုးကွယ်မှူ့ ပျောက်သွားမယ် ..အသိုင်း
အ၀ိုင်းကို မလွန်ဆန်နိုင် လို့ ဘာသာကူးပြောင်းဖို့ ဖွင့်မပြော ရင်တောင်
အတိအကျ ကို သိနေမယ် ငါယုံကြည် ကိုး
ကွယ် နေတဲ့ဘာသာဟာ ဘာလဲဆိုတာတော့
အတိအကျ သိနေမယ် အကြောင်း အကျိုး ညီညွတ်မှူ့
ရှိသည်မရှိသည်ကို ကိုယ်တိုင် အကဲဖြတ်လေ့
လေလာနိုင်မှာဖြစ်တယ်. ..သည်နေရာမှာ ထဲ့သွင်းစဉ်း
စားဖို့လိုတာ ကိုယ်ယုံကြည်တဲ့ ဘာသာကို
ဘာမှန်း မသိ လေ့လာလိုက်စားမှူ့ မရှိပဲ
မျက်ကန်း ယုံကြည်မှူ့တွေ ပပျောက် သွားသလို့
တခြားသော ဘာသာများကိုပါ လေ့လာလိုက်စားခွင့်
ရသဖြင့် တခြားဘာသာတွေရဲ့ ကောင်းကွက်
တွေပါသိသွားနိုင်မှာဖြစ်တယ်(မှတ်ချက် တခြား
ဘာသာရဲ့ကောင်းကွက် .ကောင်းကွက်လို့ ပဲ
သုံးတယ် ကောင်းကွက် ဆိုးကွက် လို့ တွဲမသုံး
ဘူးနော်.. လူတိုင်း က ကိုယ်ယုံကြည် တဲ့ဘာ
သာကလွဲရင် တခြားဘာသာကို အထင်မကြီး
တက်ကြလို့ ..ရင်ထဲကလည်း ကြိတ်ပြော နေဦး
မလားပဲ အလကား ဦးနှောက်မရှိတဲ့သူတွေ
မဟုတ်တာကို အဟုတ် လုပ်ပီး ယုံနေကြတယ်
ဆိုပီးတော့)လူတိုင်း ကိုယ်ယုံတဲ့ဘာသာ တခြား
ဘယ်သူတွေဘာပြောပြော ကိုယ့်အတွက်ကတော့
အကုန်ကောင်းကွက် တွေပဲလို့ထင်နေကြမှ မလွဲပါဘူး။
.
.
နိဂုံးချုပ် ပြောရရင် ဘာသာအားလုံးကို လေ့လာ
ပီးမှ ကိုယ် ယုံကြည်တာကို ရွေးချယ်…ရွေးချယ်
ပီးမှ ကိုးကွယ် ယံကြည်စေချင်တယ် ..ဒါဟာ
ပတ္တမြား မှန်ရင် နွံ့မနစ် တဲ့ဘာသာကို အသိ
ဥာဏ်ရှိတဲ့ လူသားတွေ လွတ်လပ်စွာ ရွေးချယ်
ယုံကြည် ခွင့်ရတဲ့ နိုင်ငံဖြစ်ဖို့ ၂၀၁၅ မှာ ဘာသာ
ရေးကို ခုတုံးလုပ် အသုံးချ နင်းပီးတက်မယ်
့် ပါတီကို မဲပေးသင့်ပါသည်ဟု လက်ခံယုံကြည်ရင်း……။ ။

“လားရာ အရပ်”
နေထွက်ရာ အရပ်ကို
မျက်နှာမူပါ.  .  .   .
သင်မျက်နှာမူရာ
သင့်အရပ်မျက်နှာ ၊
အရပ်မျက်နှာတိုင်းမှာ
ကောင်းကင်ဘုံရှိသလား
ဒါဆို…………………..
အထက်အရပ်နဲ့
အောက်အရပ်မှာကော ၊
ဟယ်……..ဒီကလေး
ရှူပ် ရှူပ်     ယှက် ယှက်
ဘာမှမမေးနဲ့
ငါနောက်ကသာလိုက်ခဲ့ ။  ။

နေ့သစ် (poemscorner)
15.12.2014

In: ကဗျာ Posted By: Date: Jan 10, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment