Professional Authors

ခရီးထွက်ရအောင်

ခရီးထွက်ရအောင်

Rock ဂီတရဲ့ ပြင်းရှရှရယ်သံက
တိုက်ရိုက်ငါ့ကို လှုပ်နိုးတယ် …။
ခရီးထွက်ရအောင် ….။

ရောက်နှင့်နေပြီလား
ငါရဲ့ ချစ်လှစွာသော .. ခြေတစ်စုံ…
ဖိနပ်ပေါက်မှာကြောက်လား
ဒါဆို .. ငါတို့ မစီးဘဲနေရအောင်
မြန်နိုင်သမျှ ဖြည်းဖြည်းလျှောက်ကြတာပေါ့

တွေးလည်းတွေး
ငေးလည်းငေးရင်း
အရင်တုန်းက အကြောင်းကို
တစိမ့်စိမ့်မြည်းကြတာပေါ့
ရယ်စရာပါသလို ငိုစရာလည်းလာလိမ့်မယ်။
အတတ်နိုင်ဆုံးတော့ ခြေသံလုံရအောင်

မိုးလင်းတော့မှာလား
မှောင်တယ်ဆိုတာ…
ခပ်ညံ့ညံ့မျက်လှည့်ဆရာတစ်ယောက်ရဲ့
ပျက်လုံးတစ်ခုဆိုရင် …
အပျင်းပြေ
ငါတို့ လေကုန်ခံရင်းရယ်ရအောင်

ပတ်ကြားအက်နေတဲ့အတိတ်တွေကို
ကွေ့ရှောင်သွားမယ်ကွာ
သူတို့နားလည်ပေးနိုင်မှာပါ
ခါးတယ်ဆိုတာ ……
ကြက်ဟင်းခါးသီးလောက်ပဲကောင်းတာ
အတိတ်ခါးခါကိုတော့
ကြိတ်မှိတ်ပြီးမြိုမချနိုင်ဘူး ..

ချန်သင့်တာတွေကိုချန်ခဲ့တာပေါ့
ကျန်သင့်တာတွေလည်း ကျန်ခဲ့လိမ့်မယ်
ငါတို့လည်း ကိုယ့်အထုပ်ကိုယ်ဆွဲပြီး
ကိုယ်ထူကိုယ်ထလျှောက်ကြရအောင်

ခရီးလား … မစရသေးဘူးလေ
ငါ… တွေးနေတာ
ခပ်ဝေးဝေးရောက်သွားတယ်။
ဆောရီးကွာ… ငါ့ကိုငါမေ့သွားလို့

အေးကွာ တစ်နေ့နေ့ ပေါ့
ရောင်နီအောက်မှာ ငါတို့ ခရီးထွက်ကြမယ် …။

သုခေတ်
(11:27 PM)
5.1.2015

In: ကဗျာ Posted By: Date: Jan 6, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment