Professional Authors

#လွမ်း

အာဏာပြသလို တောင်းဆိုသလိုနဲ့
လောကဒဏ်ရဲ့ လက်ဝါးကြီးအုပ်မှုအောက်မှာ
ငါ့ရဲ့လမ်းတွေပျောက်ခဲ့တယ်…။
မျက်လုံးတွေဟာလည်း စုံလုံးမကန်ရင်တောင်
စူးစူးနစ်နစ်ဝေဝါးခဲ့တယ်..။
ကြယ် ရောင်၊ လ ရောင် ၊ နေ ရောင်အောက်မှာ
အနာဂတ်ဟာ မှေးမှိန်ဖျော့တော့နေတော့တယ်။

ကြယ်ကြွေညတိုင်း
ဆုတောင်းရလွန်းလို့
လမင်းတောင် အစိမ်းရောင်သန်းသွားတယ်။
ငါ့နင့်ကို လွမ်းတယ်ဆိုတာ
ဘယ်မှတ်တမ်းမှာ မှ ကမ္ဗည်းတင်စရာမလိုဘူး။

လေညှင်းပြောတဲ့ပုံပြင်တွေမှာ
ငှက်တွေကလည်း တေးဆိုတယ်
ပန်းတွေကလည်း မွှေးကြူတယ်
ငါ့နှလုံးသားကတော့….။
တိတ်တဆိတ်နဲ့ သွေးဆူနေတုန်းပဲ။

သေဆုံးသွားတဲ့ အိမ်မက်တွေမှာ
မျှော်လင့်ချက်တွေသိမ်းဆည်းထားတယ်
အခုတော့ …..
ငါ့ … အလွမ်းတွေအတွက်
သဘာဝအားတိုးဆေးဖြစ်လာတယ်။
ပြောစမ်းမိန်းကလေး
“ငါ ဘယ် လောက် လွမ်းရဦးမလဲဆိုတာ …။”

သုခေတ်

In: ကဗျာ Posted By: Date: Dec 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment