Professional Authors

တဒင်္ဂအတွေးများ

ဒဏ်ရာတွေမျောပါနေတဲ့
ဒုက္ခတူးမြောင်းထဲကို
အလျားသင့် စီးမျောမိတာ
အပြစ်ရှိသတဲ့လား…..

လောကမှာ… မောဟက
ပြောမပြတတ်အောင်ထူလွန်းတယ်ဆိုရင်
မင်းရင်ဘက်နဲ့ ငါ့ရင်ဘက်
ထူးခတ်ပြီး ရုန်းကြည့်ရအောင်
ဘယ်သူက သောကပိုမလဲလို့ ..

အတ္တ နဲ့ မာန
လွမ်းချင်းပြိုင်မယ်ဟုတ်လား
အေး တစ်ခုတော့သတိပေးမယ်
မာယာမပါကြေး ……

မျှော်လင့်ချက်ဆိုတာ…အိမ်မက်ကဖြစ်လာတာ
အိမ်မက်ကို ဘောင်ခတ်မယ်ဆိုရင်တော့
ညတွေကို အသေသတ်မှရလိမ့်မယ်…….။

(သုခေတ်

In: ကဗျာ Posted By: Date: Dec 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment