Professional Authors

တနင်္ဂနွေအလွန်

တနင်္ဂနွေအလွန်

ဟေး ….ဘယ်သူတွေလဲဟေ့
ငါ့အခန်းလာခေါက် မိုးသောက်ပြီဆို
ကျားအစ နဂါးအဆုံး
မင်းတို့ ခြောက်ယောက်စလုံး
ထွက်သွားကြ
ငါ့အင်အားတွေ မီးတောက် ပြာကျ
တနင်္ဂနွေရယ် ရောက်ခဲလှချည့်..။

ငါ အချစ်ကိုသိခဲ့တာ တနင်္ဂနွေ
ငါ စံပါယ်ရနံ့တွေကို ရခဲ့တာ တနင်္ဂနွေ
ငါ ရင်ခုန်သံရှေ့ ကဗျာကိုတွေ့ခဲ့တာ တနင်္ဂနွေ..။

တနင်္ဂနွေမှာ ငါဟာ ဂေါ်လီ
တနင်္ဂနွေမှာ ငါဟာ တော်ကီ
တနင်္ဂနွေမှာ ငါဟာ ဂေါ်ကီ
ငါ့အိပ်မက်တွေ ပြန်နွေး
တနင်္ဂနွေကို င့ါပြန်ပေးကြပါ.။

ဘယ်အရက်သောက်သောက်
မမှောက်တဲ့ ရောဂါ
တနင်္ဂနွေ တစ်စက်သောက်လို့
ကောက်ခနဲ မူးလဲဖူးတယ်….။

ဖိုးစည်

In: ကဗျာ Posted By: Date: Dec 10, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment