Follow us on Facebook Follow us on Twitter Subscribe RSS Feed

Recent Comments

Professional Authors

ရာသီပေါ် ဆောင်းအိပ်မက်

ရာသီပေါ် ဆောင်းအိပ်မက်

 

မာယာများလွန်းတဲ့

ဒီဇင်ဘာညတွေဟာ ရာသီပေါ်ဆောင်းနဲ့

မရိုးမရွ

 

ခန္ဓာမဲ့စိတ်ကူးဟာ

ပုံသဏ္ဍာန်မဲ့အတွေးထဲ

စုံးစုံးနစ်ဝင်သွားတာက

အာရုံတက်မနက်မှာပျောက်ရှသွားတဲ့

နှင်းလို .. .

နေရောင်ခြည်အယက်မခံဘူး

 

အဲဒီဆောင်းမြင်ကွင်းဟာ

နေ့စဉ်နေ့စဉ် ဟင်းလင်းပွင့်ရင်ခွင်နဲ့

မွဳန္ပ်ပ် .. .

အသက်ရှူရတာကိုက ရင်ပိုမောတယ်

 

ဒီလိုနေ့ရက်တွေထဲမှာ

ငါ့ရင်ခုန်သံတွေ နှလုံးအိမ်ထဲ

အကြိမ်ကြိမ်ပြိုလဲကျရင်း

ရာသီပေါ်ဆောင်းညအိပ်မက်ရှည်တွေဟာလဲ

မှောင်လို့ မဲလို့  .. .။

 

ကိုချို

 

 

In: ကဗျာ Posted By: Date: Dec 7, 2014
Comment #1

မိုက်တယ်အစ်ကို

commentinfo By: Thood Khit at Dec 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment