Professional Authors

မ​ရေရာခြင်းများ

သွေး​အေးသွားပြီလား…
အရိပ်​​တွေလွင့်​ပျံ​နေဆဲ…
နှလုံးသားက နူးနူးညံ့ညံ့ခုန်​​နေတုန်းပဲ….
ဆွဲ​ဆောင်​အားက  အသက်​မဲ့ပြီထင်​တာလား….
.
ညင်​သာတိုးတိတ်​…
သိမ်​​မွေ့ ဖွဖွနဲ့  နူးညံ့တဲ့ရှိုက်​သံ….
အတိတ်​ကို​မေ့မရတာ..အပြစ်​လား….
သံ​ယောဇဉ်​သမားမို့ပါ… 
အချစ်​ဆိုတာကိုသေချာမသိခဲ့လို့ပါ….
.
ရုတ်​တရက်​ပဲ ပြိုကွဲသွားခဲ့​တော့…..
ယောင်​ချာချာနဲ့မို့..
ငိုရမှာလား…ရီရမှာလား 
ဘယ်​သူ့ကို​မေးရမလဲ….
အသဲက​တော့ တဆတ်​ဆတ်​နဲ့နာ….
.
သဘာဝတရားပဲလား….
မေးခွန်း​တွေအ​ဖြေမရှိခဲ့… 
ထပ်​ခါတလဲလဲပဲ….
ယုံကြည်​မှုတို့ကို မယုံနိုင်​ခဲ့…..
မာယာနဲ့သစ္စာတရားကြား…
နှုတ်​ဆက်​လို့အရှုံး​ပေးလိုက်​ပြီ….
သံသရာအဆုံးထိ… 
အမှတ်​တရ​တွေနဲ့ လမ်းဆက်​​လျှောက်​မည်….
In: ကဗျာ Posted By: Date: Dec 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment