Professional Authors

အပြာ

အပြာ

စိတ်နဲ့ထိခတ်သမျှဟာ
ကဗျာလို့ဆိုခဲ့ရင် .. .
ရင်ဘတ်ခြင်းဖိကပ်သမျှဟာ
အကြင်နာလို့သတ်မှတ်ခဲ့ရင် .. .
နှလုံးသွေးအစေးဓါတ်ခြင်း စေးကပ်သမျှလဲ
အချစ်ပဲပေါ့ .. .

ဒါပေမဲ့
သံယောဇဉ်ဆိုတာနဲ့ ငြိပါတ်မိခဲ့သမျှတိုင်းဟာ
ဘာလို့အဆုံးတစ်ဖက်စီရဲ့အစွန်မှာ
အသံတိတ်အိပ်စက်နေရတာလဲ

နှုတ်ခမ်းခြင်းထိကပ်ခဲ့သမျှမှာ
အနမ်းတွေပဲ့ကြွေရင်း အလွမ်းတွေအလင်းပြန်
ရင်ခုန်သံတွေပြာကျစေတဲ့သောကမီးတွေနဲ့
နှလုံးအိမ်ကိုပြန်ပြီးအဟပ်ခံရတယ်

ဘယ်လိုပြောရမလဲ
စိတ်မှာစွန်းထင်းခဲ့သမျှ
တောက်ပလွန်းတဲ့အရောင်တွေဟာ
ဖွာကနဲလွင့်စင်သွားတဲ့စုတ်ချက်မှာ
ပန်းချီဆရာတွေဖမ်းမမိတဲ့
အရောင်တွေလို
ရင်ခွင်တစ်ခုလုံးကိုပေပွ

အဲ့ဒီ မှိန်ပျပျ .. ဖြူရော်ရော် .. ခပ်ရင့်ရင့် .. .
အရောင်တွေအောက်
ငါ ဖေါက်ထုတ်ခဲ့တဲ့ နှလုံးသွေးဟာ
နောက်ကျိပြီး အရောင်ပြာနေခဲ့တယ် .. .။

ကိုချို

In: ကဗျာ Posted By: Date: Dec 5, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment