Professional Authors

ဆေးမှင်ရည် စုတ်ထိုး

ဆေးမှင်ရည် စုတ်ထိုး

သည်ဆောင်းဦးပေါက်ဟာ
သဇင်နဲ့ဆောင်တော်ကူးပန်းတွေ
တစ်ပွေ့ကြီးထမ်းလာခဲ့တယ် .. .

အဲဒီ
သဇင်နဲ့ဆောင်တော်ကူးတွေမပွင့်ခင်
ပွင့်မိသားတဲ့ ငါ့စိတ်ကူးမှာ
တန်းလန်းစိုက်ဝင်နေတဲ့
သတိရခြင်းတွေ မမေ့နိုင်လွန်းခြင်းများနဲ့
ရင်တွင်းဖြစ်အလွမ်းဒါဏ်ရာက
အဓိကတရားခံ .. .

ခုတ်ရာတစ်ခြား ရှရာတစ်လွဲဆိုတော့
နှလုံးသည်းပွတ်က အမာရွတ်ဟာ
မင်းနဲ့ငါ နှစ်ဦးသား
အလိုတူအလိုပါ ဇွတ်တရွတ် အရူးအမူးရေးထိုးခဲ့တဲ့
တက်တူး ဆေးမှင်ကြောင် .. .။

ကိုချို

In: ကဗျာ Posted By: Date: Dec 2, 2014
Comment #1

ခုတ်ရာတစ်ခြား ရှရာတစ်လွဲဆိုတော့
နှလုံးသည်းပွတ်က အမာရွတ်ဟာ
မင်းနဲ့ငါ နှစ်ဦးသား
အလိုတူအလိုပါ ဇွတ်တရွတ် အရူးအမူးရေးထိုးခဲ့တဲ့
တက်တူး ဆေးမှင်ကြောင် .. .။

like

commentinfo By: poem.poem28 at Dec 3, 2014
Comment #2

သဇင်နဲ့ဆောင်တော်ကူးတွေမပွင့်ခင်
ပွင့်မိသားတဲ့ ငါ့စိတ်ကူးမှာ
တန်းလန်းစိုက်ဝင်နေတဲ့
သတိရခြင်းတွေ မမေ့နိုင်လွန်းခြင်းများနဲ့
ရင်တွင်းဖြစ်အလွမ်းဒါဏ်ရာက
အဓိကတရားခံ .. .

commentinfo By: May Kha at Dec 10, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment