Professional Authors

ခခွေးယပင့်စသတ်

အကြောင်းပြစရာမလိုပါဘူး
ဒီကိစ္စနဲ့ပတ်သက်ရင်
ကျွန်တော်က
စာလုံးပေါင်းမှားတတ်တဲ့ကျောင်းသားပေါ့

ယပင့်နဲ့ ရရစ်မှား
မ..နဲ့မတွေ့ခင်အထိ
ကျွန်တော့်နှလုံးသား ဒဏ်ရာတွေများခဲ့ပါတယ်

တကယ်တော့ အချစ်ဆိုတာ
တစ်ယောက်ကိုမြှင့်တင်ဖို့ တစ်ယောက်ကလှေကား
တစ်ယောက်စိတ်ချမ်းသာဖို့ တစ်ယောက်အလေးထားလို့
တစ်ယောက်ဘဝအတွက်
တစ်ယောက်ဘဝကို ကြည်ဖြူစွာ ပေးဆပ်ခြင်းလေ

လက်တွဲဖော်ဆိုတာလဲ
ရှာဖွေစရာမလိုပဲ အလိုလိုပေါက်ဖွား
ကံကြမ္မာက သတ်မှတ်ပြဌာန်းထားပြီးသားတဲ့
ဘဝအမောတွေကို လက်တွဲကျော်လွှား
ကျွန်တော်နဲ့ မ..
ပန်းတိုင်ဆီ အတူတူသွားကြမယ်နော်

မ..ကို ချစ်တဲ့အကြောင်း
ဘယ်တော့မှမဟောင်းအောင် ပြောရရင်လေ.. .. ..

အမှားတစ်ခုခုလုပ်မိလို့ ကျွန်တော်ဆူတိုင်း
ထုံပေပေရုပ်နဲ့ ခေါင်းငုံ့ထားတတ်တာကိုချစ်တယ်

လိုချင်တာတစ်ခုခု ကျွန်တော်ဝယ်ပေးလို့
ကျေနပ်ကြည်လင်နေတဲ့ မျက်နှာလေးကို ချစ်တယ်

ဘယ်နေရာသွားသွား အားကိုးတကြီး ဆုပ်ကိုင်ထားတတ်တဲ့ လက်ကလေးကိုလဲ ချစ်တယ်

မိုးအဆုံး မြေအဆုံး
တစ်ဘဝလုံးအတူတူ
ဆိုးတူကောင်းဘက်
အရာရာကို ရင်ဆိုင်ကျော်ဖြတ်ကြမယ်

ကျွန်တော့ဘဝရဲ့ တခြားဘက်ခြမ်း
မ..က
ကျွန်တော်လိုအပ်နေတဲ့ နံရိုးလေးကို ဖြည့်စွမ်းပါ.. ..

ဒါပေမယ့်
ဝိတ်တော့ နည်းနည်းချ
အဲဒီတော့မှ နံရိုးကလေးနဲ့ အံကျလို့
ကျွန်တော် စတိုင်ကျမှာလေ.. .. ..။

လေးညှို့ရှင်
၂၅.၁၁.၂၀၁၄
1:38 PM

In: ကဗျာ Posted By: Date: Nov 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment