Professional Authors

ရှင် နှောင်း သို့ ရွှေနားတော် သွင်း

                                 ရှင် နှောင်း သို့ ရွှေနားတော် သွင်း
                                **********************************

အင်ပါယာတို့၏သခင်မ…အား
ဟန်ဆောင်ခွင့် မရသော
အက်တန်ဖြစ်တည်မှုတို့ဖြင့်
အကျွန့် နှလုံးသားကို ဗဟိုပြု ၍…….
ဦးညွှတ် ပါ၏…..
ချစ်သူရှင်နှောင်း နားလည်စေ………..။

သခင်မ အလိုရှိသော်….
ကလီယိုပါထရာ ၏ ချစ်ခြင်း ဖြင့်
စစ်ခင်းပါလော့….
ကြိုးကြာရယ်သံကိုနားဆင်ရန် အကျွန် မ၀ံ့ရဲပါ……….။

သခင်မသိပါလေ စ …
သိင်္ဃို ဟ် ပြည် ပြာမကျမီ
သီတာ၏ နောက်ဆုံး အကြည့်အောက် ၌….
ဒဿ        နှလုံးသွေးသည်  
မင်းရာမထက် ပို ၍…….ရဲရဲ နီခဲ့ပါသည်……….။

သခင်မသိပါလေ စ …
*မိုနာလီဇာ၏်   လျှာပေါ်တွင်
နယူတန် ၏ အက်ရှင် သည်
အသက်ဝင်မည်မဟုတ်………..
*ဘယ်ဘုရားသခင်မှ
တစုံတဦးဘ၀ကို  ဖျက်ဆီးခဲ့ သည်ဟူ၍ မရှိစဖူး……..
*အဆိပ်လူးမြားတို့သည် 
သူ့ အလိုလိုသာ ရိုးသား ကြကုန်၏……….။

သခင်မသိပါလေ စ …
ဟိံ သက ၏ လက်ညှိုး တထောင် ထဲတွင်
အာရီယာန်တို့ သွေး  မြေ မကျခဲ့ပါ……….
သို့တစေ…
သခင်မ အလိုရှိသော်…
အကျွန့် နှလုံးသွေးဖြင့် ….
ပလ္လင်ဆေးတော်မူပါ….
ထိုအရာသည် မင်္ဂလာဖြစ်ငြားအံ့…..
သတ္တလောက သည် သခင့်အား
 ကောင်းချီးသြဘာ ပေးလတ္တံ့……။

သခင်မသိပါလေ စ …
အရိန္ဒမာ သည်လည်းကောင်း…
မဏိစန္ဒာ သည်လည်းကောင်း…
သခင့်ရှေ့ တော်မှောက် ၌ …
ဖွဲ စကွဲ မျှ သာ ဖြစ်ခဲ့ ပြီ…….။

သို့စဉ်လျှက်…
သခင်မ အလိုရှိသော်….

စုဖုရားလတ် ၏ နှလုံးဖြင့် 
အဆုံးစီရင်ပါလော့….
ကြိုးကြာရယ်သံကိုနားဆင်ရန်
အကျွန် မ၀ံ့ရဲပါ..သခင်……..။
                                         
                                          အစဉ်စိမ်းလန်းပါစေ…….
                                                       သျှင်ငြိမ်းချမ်း…….
                             (18th,Nov,2014…….02:15 Am)

In: ကဗျာ Posted By: Date: Nov 19, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment