Professional Authors

ပြန်​ခဲ့​တော့

နင်​ပြန်​လာမှာလားလို့
တံခါးဖွင့်​ဖို့​သော့က​လေ
ငါတို့ထား​နေကျ​နေရာပါပဲ
ငရုတ်​ဆုံ​လေးရဲ့​အောက်​မှာ
.
နင်​လာကြိုခိုင်းမှာလားလို့
ငါ့ကိုများ​ခေါ်လာခဲ့ရင်​​လေ
ကလင်​သံချက်​ခြင်းကြားရ​အောင်​လို့
ဖုန်းက​လေးက​ခေါင်းအုံး​ဘေးနားမှာ
.
နင်​​မောပန်းလာမှာလားလို့
သောက်​စရာ​ရေ​အေး​အေး
ဖရဲသီးစိတ်​​လေး​တွေနဲ့အတူ
အ​အေးသေတ္တာထဲမှာထည့်​ထားတယ်
.
နင်​ဆာ​လောင်​လာမှာလားလို့​လေ
ဆတ်​သား​ခြောက်​စပ်​စပ်​​လေး
ထမင်းပူပူ​ကို​ပေါင်းအိုးထဲမှာ​နွှေး
ပဲပြုတ်​က​လေးလဲဆီဆမ်းထားတယ်
.
နင်​ပန်​ဖို့စိုက်​တဲ့ပန်းကလေး​တွေ 
အခု​ဖွေး​ဖွေးလှုပ်​လို့ပွင့်​​နေပြီ
ရာသီအချိန်​ကျ​ရောက်​လာလို့
သူတို့သခင်​မကို​စောင့်​​နေကြပြီ
.
အချိန်​​တွေလဲတစ်​ပတ်​လည်​ခဲ့ပြီ
အေးလဲ​အေးလို့ချမ်းလှပါသည်
အချိန်​မှီ​တော့ပြန်​ခဲ့​စေချင်သည်
ဒီရင်​ခွင်​မှာလဲ​နွေးချင်​လှပါပြီ
အ​တွေး​လေး​တွေလဲ​အေးမြ​ရချင်​လို့
နင်​အ​ပြေးပြန်​ခဲ့​တော့ အချစ်​​ရေ​နော်​….
In: ကဗျာ Posted By: Date: Nov 13, 2014
Comment #1

ပြန်မလာသေးဘူးလား

commentinfo By: yuyu at Nov 22, 2014
Comment #2

ထမင်း​တွေလဲ ​အေးကုန်​ပါပြီ…

commentinfo By: kgyi at Nov 23, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment