Professional Authors

ကြယ်ကြွေတွေကို ကျုံးသွင်းတဲ့ ကြောင် (နိုင်မွန်အောင်သွင်)

ကြယ်တွေ
ကြွေတယ် ။

နွေဦးသစ်ရွက်တွေလို
ကြွေတယ်။

တချို့
သက်တမ်းမစေ့သေးလည်း
ကြွေတယ်။

ကြောင်က
ကြယ်တွေကြွေတာကို
ကြွေတယ်။

ကောင်းကင်ရဲ့မြင့်မားမှုကို
နှလုံးသားနဲ့ဆွဲယူနီးကပ်စေခဲ့ ။

အမှောင်ထဲဖွက်ထားတဲ့ ကိုယ်ကို
ဆန့်ထုတ်လိုက်ပြီး
တလက်လက်လှုပ်သမျှကို
လိုက် လိုက် ပုတ်လို့။

လက်တစ်ဖက်ကိုကွေးပြီး
လက်တစ်ဖက်နဲ့ကျုံးသွင်းလို့။

အဲဒီအချိန်
ကြောင်ရဲ့မျက်ဝန်းတွေဟာ
မကြွေသေးတဲ့ ကြယ်တွေပါပဲ ။ ။

နိုင်မွန်အောင်သွင်
(4.11.2014)

Leave Comments

Name*

Email*
Website
Email me whenever there is new comment