Professional Authors

တစ်ယောက်ထဲ အတွေးချာလည်

Like တစ်ချက်
ရင်ခုန်စရာမဟုတ်မှန်း
အကြိမ်ကြိမ်သတိပေးလည်း
အမှတ်မရှိတဲ့နှလုံးသား
Hi တစ်လုံးတည်းနဲ့
အရည်ပျော်တယ်။
ဘ၀မဟုတ်တဲ့ Facebook
အဖြစ်မှန်သိလဲ
Virtual World ငါပျော်နေတတ်တာ
နင်ရှိနေတဲ့ အသိတစ်ခုနဲ့ပေါ့။
နင့်တစ်ယောက်ကို
ကျန်သူတွေနဲ့ လဲလှယ်လို့
နင်နဲ့ အဆင်မပြေရင်
Deactivate လုပ်လိုက်
အဆင်ပြေရင် Activate လုပ်လိုက်
အသားကျနေတာ တော်တော်ကြာပေါ့။
Virtual World မှာတွေ့တာကိုက
ငါအတွက် ကံဆိုးမှု့လား
ကံကောင်းမှု့ပဲလား။
အွန်လိုင်းဖွင့်တာနဲ့ နင့်အကောင့် စိမ်းနေရင်
ငါပျော်နေတတ်တာကိုက
ငါရဲ့ရူးသွပ်မှု့လား။

In: ကဗျာ Posted By: Date: Nov 5, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment