Professional Authors

ဆောင်းအလွမ်း

ဆောင်း​ရောက်​ပြန်​ပြီ
လွမ်းသည်​လွမ်းပါသည်
မင်းက​တော့​နွေး​ထွေးတဲ့ရင်​ခွင်​မှာ
ငါ့မှာက​တော့​မြေ​မွေ့ယာ….
အတိတ်​ကိုအခါခါတူးဆွရင်း
မင်းအတွေ့နွေး​နွေးကိုသတိရမိသည်​….
.
အိပ်​ပျက်​ပြန်​ပြီ
ချမ်းသည်​ချမ်းပါသည်
မင်း​ပေးခဲ့တဲ့အလွမ်း​ချိုချိုကို
တမ်းတမိလို့မျက်​ရည်​ကစို….
ပုန်းခို​ရာကမ္ဘာငယ်​အတွင်းမှာ​တော့
နှင်း​ငွေ့တို့…ဖွဲ့သီလို့ငိုခဲ့ပြီ….
.
သံသရာကရှည်​ပါသည်
ညတာကလဲနက်​ပါသည်
မင်း​မေ့နိုင်​လို့​ပျော်​ပါ​စေ
မင်း​ပျော်​နိုင်​လို့​မော်​ပါ​စေ
ကမ္ဘာငယ်​အို​ဟောင်းတစ်​ခုထဲက
အေးခဲ​နေတဲ့နှလုံးသားရဲ့….
တိတ်​တဆိတ်​ငြီးတွားမိတဲ့အသံ
ဒီ​ဆောင်းညရဲ့သန်းေ​ခါင်ယံ​မှာ…
နာကျင်​စွာတုန်​​ခါ​နေဆဲ….။
In: ကဗျာ Posted By: Date: Nov 3, 2014
Comment #1

ဆောင်းနဲ့ အလွမ်းပေါ့….

commentinfo By: raingirl at Nov 5, 2014
Comment #2

ဆောင်း​ရောက်​ပြီမှတ်​လို့ လွမ်းကြည့်​တာ…

commentinfo By: kgyi at Nov 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment