Professional Authors

အချစ်ဆိပ်…

မင်းနဲ့ငါ မိုင်ထောင်ချီဝေးနေသော်လည်း
မင်း ငါကို ခနလေးလောက်တောင် သတိရချင်မှရမယ်
ဒါပေမဲ့ မေရယ်..
မင်းဟာ ငါရဲ့အာရုံထဲမှာလည်း မင်းစိုးမိုးထားပြီး
အရာရာတိုင်းဟာ မင်းအတွက်ဖြစ်နေတော့
အလွဲလွဲအမှားမှားနဲ့ ငါရဲ့နေ့တွေကို ကုန်ဆုံးစေတယ်…

အချစ်ကြီးသူက အရှုံးပဲတဲ့
အကြွင်းမဲ့ မှန်တယ်ကွာ..
ငါက မင်းကို အသက်ထက်ပိုချစ်တယ်ဆိုရင်လည်း
စကားတတ်တိုင်း၊လျှာရိုးမရှိတိုင်း ပြောတယ်လို့ထင်ဦးမယ်
တကယ်ပါ….တစ်သက်မှာတစ်ခါ..
တစ်ခါမှ မင်းတစ်ယောက်တည်းသာ
ငါရင်ထဲကအချစ်တွေကို ပုံအောပြီး
လောင်းကြေးထပ် ဒါပေမဲ့ နောက်ဆုံး မီနစ်ပိုင်းမှ
မင်း ပနသီ အပေးခံရတဲ့ တဖက်သတ်ဒိုင်းလူကြီးရယ်
ဘာကြောင့်များ အရမ်းချစ်ရသူကိုမှ အဲဒီလောက်ကြီး
ကြီးလေးတဲံအပြစ်ကိုပေးရတာလဲ…..

မင်းပျော်မယ်ဆိုရင်
ငါရင်ကို နှင်းချေပြီး မင်းအပြုံးအတွက် အသက်ပေးနေမဲ့သူပါကွာ..
ဒါပေမဲ့ သတိတော့ထားပါ…
အဲဒီက အချစ်ဆိပ်တွေ မင်းဆီပါသွားမှာဆိုးလို့ပါ..

ကဗျာမရေးတာကြာလို့ ရေးလိုက်မိပါတယ်…
                                              စိုး…

In: ကဗျာ Posted By: Date: Oct 31, 2014
Comment #1

good>>>:)

commentinfo By: moezat88 at Nov 1, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment