Professional Authors

စိတ္တဇအိမ်မက်

ငါ့စိတ်တွေလွင့်မျောနေသည်
ဂန္တ<င်မြောက်တေးတစ်ပုဒ်
ကောင်းကင်ထက်ကကြွေဆင်းလာသည်
တိုသံစဉ်နှင့်အတူ……………………….
နှလုံးသွေးတို့ယိမ်းထိုးကခုန်ကုန်၏

သက်ပြင်းရှိုက်သံသဲ့သဲ့ နားထဲကြားမိသလိုပဲ
ဘာအတွက်လဲ………………………………..
ရင်ခုန်သံကကြိုးတွေရစ်ပတ်ကာဖြင့်
ကံကြမ္မာမျက်လှည့်ကို
အတင်စီးခံလိုက်မယ်……………………….

စိတ္တဇဆန်တဲ့ အပြုံးတွေနဲ့
ပေါက်ကွဲတော့မယ့်ရက်သမ်တွေကို
နားနှင့်ဆက်ဆက်…………………………..
ခါးသီးစွာနှစ်ခြိုက်မိ၏
………………………………………………

တောက်ပတဲ့အမုန်းတွေကို
မခမ်းနားတဲ့ရင်ခွင်တစ်စုံနဲ့
အပြုံးမပျက်လက်ခံလိုက်မယ်
အမုန်းအတွက်လျော်ကြေးဆိုတာ
မပေးသင့်သောအရာ………………………..

နားလည်ဖို့ခက်တဲ့အရာဆိုတာကို
သေသေချာချာငုံ့ကြည့်လိုက်တော့
သံသယတွေ….သံသယတွေ……………………
ဘယ်လောက်တောင်များလိုက်ပါလိမ့်…………….
အမြင်နှင့် ဆက်ကာ………ဆက်ကာ……………..

နေဝင်မှနေထွက်လိမ့်မည်
တစ်လှည့်စီပေါ့…………………………………..
နေဝင်……..နေထွက်တာနဲ့စာရင်……………..
နေမရှိတာမှကောင်းဦးမယ်……………………..

ခပ်မိုက်မိုက်အရေးတွေနဲ့
မိုက်ရူးရဲအတွေးတွေကို
သဘောကျတယ်
ဒါကြောင့်………………………………………
ရူးမိုက်သောနေ့ရက်တွေ
ဆက်လက်ရှင်သန်နေဦးမည်…………………….

ငါ့ရဲ့အတွေးတွေထဲမှာ
အိမ်မက်တွေရှိတယ်
အိမ်မက်တွေထဲမှာလည်း
တွေးဖြစ်တယ်…………………………………….
အိမ်မက်ဆန်ဆန်အတွေးတွေအတွက်
ယုတ္တိဗေဒက …. ဟိုးဖက်အလွန်မှာ
နှုတ်ဆိတ်နေတယ်………………………………

အိမ်မက်တွေကလက်တစ်ကမ်း
တကယ်ပါ…………………………….
အိမ်မက်တွေကလက်တစ်ကမ်းမှာရှိတယ်
ဒါပေမယ့်….
ကျောက်တောင်စွန်းရဲ့လက်တစ်ကမ်း

တစက်စက်ကျနေတဲ့ နှင်းစက်တွေမှာ
ကိုယ်ပိုင်အတောင်ပံတွေရှိတယ်
မ၀ံကြွားတဲ့နှင်းစက်တွေက
ကမ္ဘာမြေကိုအေးမြစေတယ်
တကယ်ဆို သူတို့ကြားမှာ
နားလည်မှုတစ်ခုရှိသင့်တယ်

ပြောပြရပါဦးမည်
ကာရံတစ်ခုရဲ့ သမိုင်းပေးတာဝန်အကြောင်း
…………………………………………
လေရိုင်းနဲ့လည်းတည့်အောင်ပေါင်းပါ
ကကြိုးတွေကိုတော့
ကြယ်အကြွေတွေနဲ့ တည်ဆောက်မည်

ခရီးတစ်ထောက်နားရင်း
လွင့်မျောနေတဲ့ သံစဉ်တွေကို
အနှောင်အဖွဲ့များနဲ့လွတ်ရာ
ပျံသန်းစေဦးမည်……………………….
ပျံသန်းစေဦးမည်………………………

အိမ်မက်မဟုတ်ပါဘူး
ဒါဟာအနုပညာ
အနုပညာမှာကဗျာရှိသည်
ကဗျာကိုငါရေးမည်
နောက်ဆုံး…………
ကဗျာတွေကငါ့ကိုပြန်ရေးလိမ့်မည်
သု ခေတ်

In: ကဗျာ Posted By: Date: Oct 29, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment