Professional Authors

ကမ္ဘာဆု​တောင်း

လုံးပြီးလည်​​နေတဲ့ဒီကမ္ဘာကြီးထဲ
အရာရာ​ပြောင်းလဲ….
ငါ…တစ်​​ယောက်​ထဲမတ်​တပ်
ရပ်​ရင်းနဲ့​မေ့​လို့နေတယ်​…

ပွင့်​လန်းလာဖို့​စောင့်​ဆိုင်းရင်း
ဒီ…သံသရာကိုနားလည်​ခဲ့
အဆုံးသတ်​​တော့ဘာ​တွေ့မှာလဲ
အရှုံးကို​တော့အရသာသိခဲ့ပြီ

အခါခါရခဲ့တဲ့အခါး​တွေကို
ရေစုန်​​မျှောရင်းနဲ့မျိုချခဲ့
ဘ၀ကိုအပြန်​အလှန်​​ပေးဆပ်​ရင်း
ရေကြည်​တစ်​​ပေါက်​​နဲ့​ဝေးခဲ့ရသူ

နဲနဲ​လေးပဲ​ပေးပါ…
လူဖြစ်​ရကျိုးနပ်​​အောင်​လို့ပါ
ဘာမှမပါလဲ​ပေးလိုက်​ပါ
ဘာမှမရလဲ​ကျေနပ်​မယ့်​သူပါ

ဒီလူငါကမှား​ဖြစ်​နေတာ
ကမ္ဘာမှားပြီး​ရောက်​ခဲ့မိတာ
မလာချင်​​ပေမယ့်​လဲ​ရောက်​ခဲ့ရတာ
မလွန်​ဆန်​သာတဲ့ကံကြမ္မာပါ

ရှင်​​တော်​မြတ်​ဘုရားထံမှာ
အဖန်​ဖန်​အခါခါဆု​တောင်းမိ
တွယ်​တာခဲ့သည့်​အရိပ်​သဏ္ဍန်​ကို
တိတ်​တိတ်​က​လေး​ရှောင်​ခွာခွင့်​​ပေးပါ
ဤကမ္ဘာ​မြေအတုအ​ယောင်​​ပေါ်၌
ခြေရာအခါခါချရမည့်​အဖြစ်​ကို
ကရုဏာ​မေတ္တာ​ရှေ့ထား၍….
အပြီးတိုင်​ရုပ်​သိမ်း​ပေး​တော်​မူပါဘုရား…။

In: ကဗျာ Posted By: Date: Oct 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment