Professional Authors

ငှက်​က​လေး…သို့

သွားတော့ငှက်​က​လေး​ရေ
တားလို့မှမရ​တော့
ဆွဲလို့လဲမထားချင်​ပါဘူး
တိမ်​​တွေကြားမှာကူးခတ်​ကြည့်​​လေ
လွတ်​လပ်​ခြင်းဆိုတဲ့အရသာ
မင်း​တ၀ကြီးခံစားလိုက်​ပါ…

ပျံသန်း​တော့ငှက်​ငယ်​​ရေ
အ​တောင်​ပံကိုအကုန်​ဖြန့်​လို့
လေကိုဆန်​ပျံလိုက်​ပါ…
ရောင်​စုံဖြာမိုးကုတ်​စက်​၀ိုင်းက
ပျော်​ရွှင်​စရာတ​ပွေ့တပိုက်​နဲ့
ဆီးကြိုလို့​ပွေ့ဖက်​မှာပါ…

ငြိမ်း​အေးပါ​စေငှက်​ငယ်​​ရေ
ပျော်​ပါ​စေဆု​တောင်း​ပေးတယ်
အချစ်​က​မေတ္တာနဲ့သက်​သက်​ရယ်​ပါ
အရာရာအတွက်​ရည်​ရွယ်​လို့
နေရာတကာ​ရောက်​တိုင်းမှာ​လေ
သာသာယာယာအဆင်​​ပြေပါ​စေ…

သတိရပါငှက်​ငယ်​​ရေ
ဘ၀ကိုအဓိပ္ပါယ်​သိလာတဲ့အခါ
ဒီရင်​ခွင်​ကိုသတိရလိုက်​ပါ
ပျော်​စရာ​တွေသုံးလို့ကုန်​လို့
ငိုစရာ​တွေအခါခါကြုံလာတဲ့အခါ
ဒီရင်​ခွင်​ကိုပြန်​ခိုဝင်​လို့
ဒီအရိပ်​စစ်​မှာနားလှည့်​ပါ
မေတ္တာဆိုတဲ့​အေးရိပ်​ကို​လေ
မှေးမှိတ်​ဖို့ပြန်​လာခဲ့လိုက်​ပါ…။

In: ကဗျာ Posted By: Date: Oct 3, 2014
Comment #1

ကျ​နော့ ကဗျာ​လေး​တွေကို ၀င်​​ရောက်​ ဖတ်​ရှုကြတဲ့ မိတ်​​ဆွေများကို အထူးပဲ ​ကျေးဇူးတင်​ရှိပါ​ကြောင်း…မှတ်​တမ်းတင်​လိုက်​ရပါတယ်​ခင်​ဗျာ…

commentinfo By: kgyi at Oct 20, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment