Professional Authors

ခက် ခက် ခက် ပုံပြင် (၂)

မိဘတွေက ခိုင်းရ ခက်တဲ့ကောင်
ဆရာတွေက ပြောရ ခက်တဲ့ကောင်
ဘော်ဒါတွေက ပေါင်းရ ခက်တဲ့ကောင်
ဟုတ်တယ် ကျွန်တော် က ခက် ခက် ခက် ကောင်
စာသင် လည်း သူများထက်နားလည် ဖို့ ခက်တယ်
ခိုင်းလည်း လုပ်ဖို့ ခက်တယ်
ပြောလည်း နားထောင်ဖို့ ခက်တယ်
ဘ၀ မှာ ခက်တာ တွေနဲ့ ဘဲ ခက်ခက်ခဲခဲ နေခဲ့ရတယ်
ဘာသာစကား အခက်အခဲတွေ
စီမံခန့်ခွဲမှု အခက်အခဲတွေ
လိုက်နာနိုင်မှု အခက်အခဲတွေ
လွတ်လပ်မှု အခက်အခဲတွေ
အလုပ်ရနိုင်မှု အခက်အခဲတွေ
ခက်တယ်ဗျာ ဒီလောက မှာ လူဖြစ်ရတာ
ခက်တဲ့ လောကမှာ ခက်ခက်ခဲခဲ လူဖြစ်ရလို့
ကျွန်တော်ကို ကျွန်တော်မုန်းဖို့
လောကကြီးကို မုန်းဖို့ ခက်တယ်
မိန်းကလေး တစ်ယောက်ရှိတယ်
သူမကို မကြည့်ဘဲ နေဖို့က ခက်တယ်
သူမအသံ နားမထောင်ချင်လဲ ကြားချင်နေတာ ခက်တယ်
သူမ အိမ်ရှေ့ မသွားချင်ဘဲ ရောက်နေတာ ခက်တယ်
သူမကို ဖွင့်ပြော ရကလည်းခက်နေတယ်
ကျွန်တော် အချစ်ကို နားလည်အောင် လုပ်ဖို့ကလည်း ခက်ပြန်ရော
ဘာလို့ လောက ကြီး က အခက်အခဲတွေ ဘောင်ကွပ်ပေးရတာလဲ
ဘယ်သူ အပြစ်တင်ရမလဲ ခက်ပြန်ပြီ…………
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ
သူမကို ဘယ်လို အခက်အခဲ တွေ ရှိပါဆဲ
ခက်ခက်ခဲခဲ ချစ်ချင်ခဲ့တာ
အခက်အခဲ တွေ ကို ခက်ခက်ခဲခဲ ရင်ဆိုင်ချင်ခဲ့တာ
ဒါတွေဟာ နောက်ဆုံးတော့ ခက်ခဲမှန်း ကျွန်တော်သိခဲပြီ
နဂိုကတည်း က ကျွန်တော် ဟာ နားလည်ရခက်တဲ့ကောင်
ပြောရခက်တဲ့ကောင်
ပေါင်းရခက်တဲ့ကောင်
ဒီလိုခက်ခက်ခဲခဲ ကောင်ကို
ဘယ်မိန်းကလေးမှ အခက်အခဲ ကြားထဲ မှာ ချစ်ချင်မှာ မဟုတ်ဘူးလေ…………………..
ခက်ခက်ခဲခဲပဲ သူမကို ကျွန်တော် ချစ်လျှက်နဲ့ မေ့ခဲ့ရတာ……………………..

In: ကဗျာ Posted By: Date: Sep 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment