Professional Authors

ဂြိုလ်ဆိုး ဆိုတာ *ဂျို နဲ့လား…………………………

ခပ်ကြမ်းကြမ်းဝင်
ခပ်ကြမ်းကြမ်းထွက်
တည်ငြိမ်နေတဲ့ ငါ့နှလုံးသား
မင်းကြောင့် လှုပ်ခတ်ချေပြီ
နှလုံးသားကို အကြမ်းဖက်
အသည်းကို ကွက်မျက်
ကြင်နာခြင်းတို့ကို ချိန်းခြောက်
အချစ်တွေကို အသာထား
ဝေဒနာတွေသာ စာလွှာပါးခဲ့တာ
အသည်းကို ဗြောင်းသတ်
အတွေးတွေကို ဖြုတ်တတ်ပြီး
မင်းက တော့ လာရာလမ်းတိုင်း ပြန်ချေပြီ…………………….
ဒီ အရှုပ်တွေနဲ့ ငါ………………………
ဒီ ခံစားချက်တို့ နဲ့ ငါ
ဒီ စုတ်ပြတ် သတ်နေတဲ့ ရင်ဘတ်နဲ့ငါ
ဒါတောင် နောက်ဆုံးအနေနဲ့ သူ့မင်္ဂလာဆောင် ငါ့လာဖိတ်သွားသေးတယ်………………………။

In: ကဗျာ Posted By: Date: Sep 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment