Professional Authors

ဖွင့်ဆိုချက်

အချစ်က
ပုံမှန်ဆိမ့် တစ်ခွက်ထဲမှာ
ရယ်သံချိုချိုလေး ဖြန်းလိုက်တာမျိုး..

မျှော်လင့်ချက်ဆိုတာ
ကိုယ်တိုင် မကစားပဲ
ဘေးအိမ် ၀င်တိုးတတ်တဲ့ နတ်ဆိုးသက်သက်

အလွမ်းက
ဂိုးဝင်သွားတဲ့ချိန်တွေ
တစ်ယောက်တည်း လက်သီးလက်မောင်းတန်းရတာ..

အနာဂတ်ဆိုတာ..
သူ့လက်နဲ့ ၀ှက်ထားတဲ့ ကျပ်စေ့တစ်စေ့..
ဘာမဆို ဖြစ်လာနိုင်တာမို့
ခေါင်းလား ပန်းလား ကိုယ်ဖွင့် မကြည့်တော့ပါဘူး..

14/9/14
http://oraorange.wordpress.com/2014/09/15/mydefinition/

In: ကဗျာ Posted By: Date: Sep 15, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment