Professional Authors

ထင်မထားမိဘူး

တကယ်ပါ……
ဆိုဖွယ်ရာတောင် မရှိတော့ပါဘူး…
နှလုံးသားတွေလဲ ကြေမွပျက်ဆီးလို့
ဖယိုဖရဲသာ ကျန်ပါတော့တယ်…
အတောင်ဆုံရင်ပြန်သွားကြတာ
ငှက်ကလေးတွေရဲ့ သဘာဝပဲ မဟုတ်ဘူးလား..
အခုတော့ ငါ့ရဲ့ ကြင်နာယုယမှုတွေက
မင်းအတွက် အတောင်စုံသွားတဲ့ ငှက်ကလေးလိုဖြစ်ခဲ့ရော့လားကွာ…
ငါ မတွေးရဲခဲ့ဘူး…
ငါမစဉ်းစားမိခဲ့ဘူး..
ငါသတိမရခဲ့မိဘူး..
ဒီလို…အခုလို….
ကျေကွဲခြင်းမျိုး ..ရူးသွပ်ခြင်းမျိုး..နာကျဉ်ခြင်းမျိုး
ရှိခဲ့လိမ့်မယ်…ရခဲ့လိမ့်မယ်….ကြုံခဲ့လိမ့်မယ်..ဆိုတာကိုပေါ့….

ဒဏ်ရာ

In: ကဗျာ Posted By: Date: Sep 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment