Professional Authors

သို့…မိခိုင်

မိခိုင်​​မရေ…
သံ​ယောဇဉ်​ဆိုတာက
စိမ်းလန်းတဲ့နွယ်​တစ်​ခက်​လိုပါ
ငြိမ်းချမ်းမှုနဲ့ရစ်​ပတ်​ဖွဲ့​နှောင်​လို့
မမြင်​ရ​ပေမယ့်​ဖြတ်​မရတဲ့ကြိုး​လေ…

အတူရှိစဉ်​ခဏမှာ
နေ​တွေပူမိုး​တွေရွာအခါခါ
မညှာတာတဲ့​ဆောင်းလဲကြုံခဲ့တုန်း
နင့်​အပြုံးနုနုကအား​ဆေးတစ်​ခွက်​လို
ငါ့မျက်​ရည်​​တွေကို​ခြောက်​​သွေ့​စေခဲ့တယ်​…

ချစ်​ပါတယ်​မိခိုင်
သက်​ဆုံးထိတိုင်​ရဲ့ဟိုဘက်​ကမ်း​အထိ
သံသရာတ​ကြောမှာ​မျောကြမယ်​​လေ
ငါ့ရင်​မှာမှီနွဲ့လို့နားစက်ကာ​ခိုပါ​တော့
တွဲလက်​ကိုမဖြုတ်​တမ်းအမြဲတမ်း​ပေါ့​နော်​…

အေးမြတဲ့အရိပ်​စစ်
နင်​​စေမယ့်​နေရာငါကမ္ဘာဖန်​တီးမှာ
နင့်​ရယ်​သံ​တွေနဲ့​မွှေးပျံ့ထုံမွှန်းလို့
နင့်​အပြုံး​တွေနဲ့ပန်းတို့ပွင့်​ကြတဲ့အခါ
ငါဖွက်​ထားခဲ့တဲ့အချစ်​နယ်​​မြေကို​လေ
ချစ်​ရတဲ့မိခိုင်​တစ်​​ယောက်​သာ…
အကုန်​သိမ်းပိုက်​​တော်​မူလိုက်​ပါ…။

In: ကဗျာ Posted By: Date: Sep 11, 2014
Comment #1

အချစ်ရေ..လို့…

commentinfo By: kgyi at Sep 14, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment