Professional Authors

ထပ်မဝေးဘူး

“ထပ်မဝေးဘူး”

ဘာအတွက်လဲ
ငါကိုယ်တိုင်လည်း မသေချာ
မရေရာတဲ့ အနာဂါတ်အတွက်
တစ်စုံတစ်ရာ မျှော်လင့်ချက်တစ်ခုကို
ထမ်းပိုးထားချင်တယ်

ဒါပေမယ့်လည်း အချစ်ရယ်
ဘဝဆိုတာ ပန်းလည်းခင်းတယ်
ဆူးလည်း နင်းရတယ်ကွယ်
ဒဏ်ရာဆိုတာ ရင်ဘတ်နဲ့မှ
ဆန့်ရဲ့လား ငါမသိဘူး
ဒီလိုပဲ ငါ ဖြတ်သန်းခဲ့တယ်

ပတ်ဝန်းကျင်ဆိုတဲ့ စကားလုံး
ငါ အမှိုက်ပုံးမှာ ကပ်ထားတယ်
ငါတို့ စွန့်ပစ်လိုက်ကြအောင်

တို့နှစ်ဦးကြား နားလည်မှုတစ်ခု
ဒီတစ်ခုတော့ ဒီဘဝမှာ
သေချာချည်နှောင်ထားချင်တယ်
ဒီတစ်သက် တို့တွေ ထပ်မဝေးချင်ဘူး။

In: ကဗျာ Posted By: Date: Sep 4, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment