Professional Authors

ကြက်တူရွေး

နေသားမကျတဲ့စိတ်က ..
တစုံတခုကို တောင်းတနေမိတုန်း။။

ခုတော့ တကိုယ်တည်း
ငါ နေသားမကျနိုင်သေးဘူးဟာ .. .လို့ ရေရွတ်ဖို့ တောင်
လိပ်ပြာမလုံတော့ဘူး။

နင်ဘယ်တော့ နေသားကျမှာလဲ.. ဆိုတဲ့
နင့်အမေးမှာ
ငါ မဖြေနိုင်သေးဘူး.။

အကြိမ်ကြိမ် ပြန် တွေးတိုင်း
နေသားကျဖို့ မကြိုးစားခဲ့မိခြင်းက ပဲ
လာလာခြောက်လန့်တယ်..။

ဟုတ်တယ်..
နင်မရှိတဲ့ အဖြစ်တခုမှာ နေသားကျဖို့
စိတ်ကူးနဲ့တောင်မတွေးချင်ခဲ့ပါဘူး။

ဒါပေမယ့်
လိုချင်ရင် အဖြေတခုတော့ပေးနိုင်ဖို့ ကြိုးစားနေတယ်။

ငါ အခုနေသားကျနေပြီ .. လို့
နင့်ကို သတိရတိုင်း ရေရွတ်တယ်။
နင် ယုံချင်ရင် ယုံလို့ရပါတယ်။
ငါ နေသားကျနေပြီ ..
ငါ .. နေ သား ကျ နေ ပါ ပြီ .. ။

In: ကဗျာ Posted By: Date: Aug 21, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment