Professional Authors

လှိုင်း

နည်းနည်းလေးတောင့်ထားကြည့်မှ
တအားရုန်းတတ်မှန်း ပိုသိသာလာ၊
အစိုးမရစိတ်ဟာ ဝင်သက်
ထွက်သက်တစ်စုံကြား
ဥဒဟို ဖြတ်သန်းသွားလာလွန်းရဲ့ ။

တရားမရှိတဲ့ကိုယ်ဟာ
အခွံချည်းသက်သက်၊
သံသရာထဲမှာ မျောချင်တိုင်းမျော
ခတ်ချင်တိုင်းခတ်နေတော့တယ်။

ရင်ဘတ်နားက အောင့်ပါတယ်။
အခု၊
အဲ့ဒါကို သတိလေးစိုက်ပြီး
ကိုယ်… (ပေကပ်ကပ်နဲ့ )
စောင့်ကြည့်နေတယ်။

In: ကဗျာ Posted By: Date: Aug 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment