Professional Authors

နတ်ဖွက်ခံရတဲ့အိပ်မက်

နတ်ဖွက်ခံရတဲ့အိပ်မက်

မနေ့ကဖွက်သွားတဲ့ အိပ်မက်လေး
ကျွန်တော့်ကို ပြန်ပေးပါ
ဘာရယ်တော့မဟုတ်ဘူး
ခင်ဗျားမျက်ဝန်းလေးနဲ့
ကျွန်တော့် မနက်ဖြန်တွေ ကို လွမ်းလို့ပါ…..။

အမှန်တရားဟာ သွေးအလူးလူးနဲ့
အတိတ်ကို ထားခဲ့
ပစ္စုပ္ပန်ကို ထားခဲ့
ခင်ဗျားရှိရာအရပ်ကို ထားခဲ့
ကံဆိုးတဲ့ကောင် ကျွန်တော်ပဲဖြစ်ခဲ့တယ်……။

ရင်ခွင်ရိုင်းကိုမှ ပျိုးလာကြဲတဲ့ မိန်းကလေးရေ
ရိုက်ချိုးခံလိုက်ရတဲ့ ညနေခင်းဟာ
ကြမ်း ရိုင်း အက် ရှ
ခင်ဗျားကိုမှ ဘ၀ လို့ထင်သတဲ့
တိုးတိုးလေးညည်းပြတယ်…….။

နံဘေးက စံပယ်တွေလည်း တအားကုန်ပွင့်ကြ
ခင်ဗျားခြွေချတဲ့အပြုံးဟာ စံပယ်နံ့သင်းတယ်………။

ဘယ်လိုစိတ်နဲ့ ခင်ဗျားကိုမေ့ရမလဲ
အဖြေမရှိတဲ့မေးခွန်းကို တယုတယ ပွတ်သပ်
ကျွန်တော့်ရင်ဘတ်သာ တစ်ဖက်သတ်ဆန်ခဲ့တယ်…….။

In: ကဗျာ Posted By: Date: Aug 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment