Professional Authors

ရှေ့ခရီး (၀င်းမြင့်)

လူတွေကိုလေထဲက
ပို့လိုက်တယ်၊ ဒီစကားဟာ
ရင်ခုန်စရာပဲ “ဟစ်ဂ်ဘိုဆင်”
ခေါ်တဲ့ အလင်းအမှုန်လေးတွေက
တစ်ဆင့်ဒြပ်ငွေ့ကိုမေတ္တာဓာတ်လို
ထုထည်ပြုလုပ်ဖို့
တွေ့ရှိသွားတဲ့ နောက်တစ်ရက်
ကမ္ဘာကို ဂြိုဟ်တုနဲ့ တက်ကြည့်ဖို့
ဝန်မလေးတော့ပါ။
ပင်လယ်ရေအောက်အနက်
“ဘလက်ဟိုး”တွင်းနက်ထဲ
တရုတ်ရေငုတ်ယာဉ်
အကြိမ်ကြိမ်သက်ဆင်းနေတာ
မထောက်လှမ်းတော့ပါ၊
နောက်ထပ်စကြာဝဠာနံရံကို
ဂြိုဟ်တုနဲ့ ခေါက်ကြည့်ဖို့
ကံစမ်းကြဦးမယ်ဆိုတာ
ဘ၀စာမျက်နှာတွေကို
ဖန်သားပြင်ပေါ်မှာတစ်ရွက်ချင်း
လှန်ဖတ်သလိုလက်ကလေးနဲ့
ပွတ်သပ်လိုက်တာနဲ့
အခက်အခဲတွေ ပြေလည်သွားမယ်ဆိုတာ
ယုံကြည်ပါတယ်ချစ်သူ။

ဝင်းမြင့်

Leave Comments

Name*

Email*
Website
Email me whenever there is new comment