Professional Authors

ဖြေလျော့ခွင့်

အတွေးတွေ .. အတွေးတွေ

အချိန် အပိုင်းအခြားများစွာနဲ့

ရှေ့တိုး နောက်ဆုတ် လေလွင့်

ဘာရလဒ်မှ မရှိတဲ့

ဗလာသက်သက် အကြွင်းအကျန်နဲ့

ငါ့ထက် မိုက်တဲ့သူရှိဦးမှာလား။

ကိုယ်တိုင် တရားလို

ကိုယ်တိုင် သက်သေ

ကိုယ်တိုင် တရားခံ

ဘယ်တရားသူကြီးမှ မလိုဘူး။

ငါ့ဝန်ထုပ် မှာ ငါ ချည်မိရက်သား။

ခြေလှမ်းတွေ ခြေလှမ်းတွေ

လေးကန် လာလွန်းလို့ပါ။

ဒီ ၀န်တွေ . . လျော့ချပါရစေတော့။

In: ကဗျာ Posted By: Date: Aug 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment