Professional Authors

Royal ရည်းစားစာ

ချစ်သူ..
ငါ့အနားမှာ..နင်သာရှိရင်…
တိမ်တွေနေတဲ့အရပ်အထိ သွားလိုက်ချင်ရဲ့
ကမ္ဘာကျော်စိတ်ကူးတွေနဲ့
ငါက ကြိတ်ပြီးရူးနေရတာပါ…..

အနားနားရှိတဲ့အခိုက်…
ဆည်းလည်းသံလို..မင်းရယ်သံကြားလိုက်ရင်လေ….
ဒုံးပျံကို စီး…
ကပ္ပတိန်ဂျက်စပဲရိုးနဲ့တောင်
စီးချင်းထိုးနိုင်ပါတယ်…

ဆုတောင်းလေ..ဆုတောင်းလို့တော့…
မျက်စောင်းလေးနဲ့ မပြောလိုက်ပါနဲ့ကွယ်…
ချစ်သူ့အနားမှာ…ကိုယ်က…
အကြင်နာအိပ်မက်တွေ မက်ချင်ခဲ့တာပါ…

တောင်းပန်ပါတယ်ချစ်သူ….
နှလုံးသားကိုတော့ အရောင်မဆိုးလိုက်ပါနဲ့…
ခုလောလောဆယ်တော့…
ကိုယ်က..တစ်ဖက်သက်ချစ်သူလေ…..

ညာရွှီးတဲ့ကိုကိုဆိုပြီး…
ကိုယ့်ကို မစွပ်စွဲနဲ့ကွယ်….
မင်းအချစ်တွေနဲ့..
ကိုယ့်ကမ္ဘာငယ်လေးက… သာယာလှပနေပါပြီ…..

ငါ့လိုချစ်မယ့်သူကို…
ဒီကမ္ဘာမှာ ရှာကြည့်ပါချစ်သူ….
မင်းရဲ့ ရွေးချယ်မှုကို .. ကိုယ်စောင့်မျှော်ပါ့မယ်…..

ကိုယ်တို့ရဲ့ အချစ်ရေး….
လူတွေက မေးနေကြပြီ….
မသိချင်ယောင်ဆောင် မျက်နှာမလွှဲလိုက်ပါနဲ့…
ဘေဘီပွစိလေးရယ်…..

ရိုးမြေကျတဲ့အထိ…
မင်းအနားမှာ အတူရှိသွားမယ့်….
မင်းရဲကျော်စွာ ဗိုလ်နေတိုးပါကွယ်……..

လေးညှို့ရှင်
၅.၈.၂၀၁၄
(3:34 PM)

In: ကဗျာ Posted By: Date: Aug 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment