Professional Authors

” ချစ်သူခြင်းပဲ ရှင် “

ချစ်သူချင်းပဲရှင်
^^^^^^^^^^

ချစ်သူချင်းပဲရှင် ……
လက်ဖဝါးချင်းအတူဆုပ်ကိုင်
လေညှင်းလေး တသုန်သုန်ဖြူးတဲ့
အင်းယားလို ကန်ဘောင်နံဘေး လမ်းအတူတူ
မလျောက်ချင်သူရှိပါ့ မလားရှင် ။

ချစ်သူချင်းပဲရှင်
မျက်ဝန်းအကြည့်လေးနဲ့ ဆုံတိုင်း
ရင်ခုန်သံ စည်းချက်လှလှ နဲ့
တီတီတာတာ စကားဆို
ကော်ဖီခါးခါးကိုတောင် သကြား ထည့်စရာ မလို
တစ်ယောက်နဲ့ တစ်ယောက်အပြုံးချင်းဖလှယ် လို့
နှစ်ဦးသား ကြည်နူး
မပျော်ချင် ဖူးသူရှိ ပါ့ မလားရှင် ။

ချစ်သူချင်းပဲရှင် ….
အာရုဏ်ကျင်းလို့ အလင်း ရောက်
ဖျတ်ကနဲ မျက်ဝန်နှစ်စုံ အဖွင့် မှာ
ချစ်သူဆီ “morning wish ” လေး ပို့
ဒီတစ်နေ့လေး အတွက်ပျော်ရွှင် ပါစေလို့
မပို့ပေးချင် တဲ့သူ ရှိပါ့ မလား ရှင် ။

ချစ်သူချင်းပဲရှင်…..
လျာ နဲ့ သွား ဘဝခလုတ်တိုက်တဲ့ ခ ဏ လေးမှာ
သူ့ ကြောင့် ရယ်လို့ အပြစ်မဆို
ကိုယ့်ကြောင့်ရယ်လို့ ဝန်မပို
တစ်ယောက်ကချော့ရင်
တစ်ယောက်ကမာန် မတင်း
အ လျော့ ပေးရင်းနဲ့ စိတ်ကောက် ရန်ဖြစ်
ပြန်မချစ် ချင် တဲ့သူ ရှိပါ့ မလားရှင် ။

ချစ်သူချင်းပဲရှင်…..
သူငယ်ချင်းတွေရှေ့ လက်ချင်းချိတ်လို့
” သူပေါ့ ” …..ကိုယ့်အသက်ထက်ချစ်ရသူ
အနာဂတ်မှာ သူ့လက်ကိုတွဲ
ခက်ခဲတဲ့ ခရီးကြမ်းမှန် သမျှ
ကိုယ့်ရှေ့ မှာ မားမာမတ်မတ် ရပ်
တစ်ဘဝစာ အတွက် ချစ်မယ့်သူဟာ သူဆိုပြီး
မပြောချင် တဲ့သူ ရှိပါ့ မလားရှင် ။

ချစ်သူချင်းပဲရှင်…….
အမှတ်တမဲ့ရဲ့
အမှတ် တရ စကား လုံး လေးတွေကို ရေ တွက်
ချစ်သူ အတွက် လက်ဆောင်လေးတွေ
ပါကင် ထုပ် မျက်နှာလုပ်ပြီး
မပေးချင်တဲ့သူ ရှိပါ့ မလား ရှင် ။

ချစ်သူ ချင်းပဲရှင်…..
အတုံ့ အလှည့် မရှိ
အပြုံးအမြဲအတိနဲ့
အပြစ် ရှိခဲ့ရင် လဲ
ကိုယ့်ချစ်ခြင်းနဲ့ကြေ စေ
လိုအပ်ချက် လေးတိုင်ပင်လို့ ဆွေးနွေး
နွေနွေးထွေးထွေးလေး
မနေချင် တဲ့သူ ရှိပါ့ မလား ရှင် ။

ချစ်သူချင်းပဲရှင်
အလှမ်းဝေးကွာတဲ့ နေ့ရက်တွေမှာ
လွမ်းရက်တွေကို ရေတွက်
တို့နှစ်ယောက်ပြန်ဆုံတွေ့ကြရင်
အဆင် ကွဲနဲ့ ရင် လွဲတေးတွေ
တစ်လုံးမှ မဆို
ကြာလေးတောင် မတိုးအောင်
ချစ်ပြမယ် ဆို တဲ့အ တွေးနဲ့
လွမ်းမ နေတတ် တဲ့ သူမျိုး
ရှိပါ့ မလား ရှင် ။

ချစ်သူချင်းပဲရှင်
ဖြတ်ကနဲ အ တွေးလေးထဲ လဲ
နင့် အ ကြောင်း
စိုးမိုးတတ် တဲ့ အရိပ် က လေးဟာလဲ
သူ ပဲဆိုတာကို
ဖုန်းလေးဆက်လို့ သူသိအောင်ပြော
ခဏတာ အ မော တွေ
မ ပြေ ပျောက်ခြင် သူ
ရှိပါ့ မလား ရှင် ။

ချစ်သူချင်းပဲရှင် ……
ကိုယ့်နှလုံးသွေးနဲ့ရင်းလို့
ပုံအောပြီး ချစ်ခဲ့တာပဲ
အသိ မ ပေးပဲ ကတိ တွေဖျက်
အဝေးကိုသွေဖီလို့ ဖယ်ခွါ
ထွက်ပြေး ချင် တဲ့ သူ ရှိပါ့ မလားရှင် ။

ချစ်သူချင်းပဲရှင်…..
ပန်းအစုံဖူးတဲ့ ပန်းရဂုံ ဥယျာဉ် မဟုတ်ဘူး
ချစ်သူ သာအနားမှာရှိ ရင်
နွေနေပူထဲ ရေတွေ ပွက်ပွက်ဆူနေစေအုံး
ချစ်သူ့ပုခုံးကို မှီနွဲ့လို့ 
မလိုက်ချင်ပါဘူးဆိုတဲ့ သူ ရှိပါ့ မလားရှင် ။

ချစ်သူချင်းပဲရှင်……
ထာဝရ ဆိုတဲ့ စကားကို ရင် ဝယ်ထား
ရိုးမြေကျအောင်သက်သေတည်
နောက်ဆုံးမှာပေါင်းကျလေသတည်းဆိုတဲ့
ထုံးစံကို သဘောမကျသူ ရှိပါ့ မလား ရှင် ။

ချစ်သူချင်းပဲရှင်

……………………

ချစ်သူချင်းပဲရှင်

……………………
ချစ်သူချင်းပဲရှင်

……………………
ချစ်သူချင်းပဲရှင်

……………………

ယွန်းငယ်

In: ကဗျာ Posted By: Date: Jul 31, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment