Professional Authors

မပြတ်သားတဲ့ ကျွန်မနဲ့ အမှတ်မထားတဲ့ သူ

မပြတ်သား တဲ့ ကျွန် မနဲ့အမှတ်မထားတဲ့ သူ
===========================
ရန်ဖြစ် ပြန်ချစ်
စံနှုန်းအသစ်နဲ့  နေ့ ရက်တွေမှာ
ခဏခဏ အတွန်းအတိုက်တွေနဲ့ 
လဲကျပြန်ထူ …ရန်သူတွေ
ရန်မူတာတွေလဲကြုံတွေ့ရ …..

ပြန်ခေါ်တော့လဲ စရံမရှိတဲ့အချစ်နဲ့ 
ဖြစ်ခဲ့တာတွေ မေ့မေ့ ပျောက်ပျောက်
အလွမ်းတွေအမောဖောက်တဲ့
ရက်စွဲတွေရဲ့ ရှေ့ မှောက်မှာ
ပြန်ဆက်ပြုပြင်
သံယောဇဉ် နှောင်တစ်ထုံး
နောင်…ဘ၀တခုလုံးအတွက်မှာ
အဆက်တွေများသထက်များ
တစ်သက်မ မေ့ စရာအမှတ်တရများနဲ့ပေါ့ကွယ်

ခဏခဏ စိတ် ကောက်ပေမယ့်
ခဏခဏပြန်ချော့
မပြတ်သားတဲ့ ကျွန်မ နဲ့
အမှတ် မထားတဲ့ သူ
မရုန်း နိုင် တဲ့ သံယောဇဉ် ကြား
အကြင်နာတွေ ပွါးပြီးရင်းပွါး
သစ္စာတွေ ထားပြီးရင်းထား
မေတ္တာကြိုးတွေတင်းပြီးရင်းတင်း
အဲ့သလိုနေရင်းနဲ့ 
ချစ်သက်တမ်းလေး ရှည် ကြာလာခဲ့တယ် ။

ယွန်းငယ်

In: ကဗျာ Posted By: Date: Jul 31, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment