Professional Authors

အောင် နက်နဲ့ အတူအိပ်ခဲ့သည်

သူငယ်ချင်းတွေလည်းမြိုင်
ခွက်ချင်းတွေလည်း ဆိုင်
” ချီးယား”
ဂျီးမများနဲ့
အမြီးစားတာနည်းနည်းလျှော့
ခွက် ခံ လက်ကျန်မော့ဖို့ကျန်သေး။
အငြိမ်ပြန်လျှောက်
အိမ်ပြန်မ ရောက်လည်း
ပြဿနာမရှိ
ပေတရာ မှာ နေစရာတပုံကြီးပါပဲ
လဲချင် ရာ လဲ ကွဲချင် ရာ ကွဲ
ဆဲချင် ရာ ဆဲ။
ရွာအဝင် လမ်း နေညိုဖြန်းတော့
ဒယိမ်း ဒ ယိုင်
ထိန်းမနိုင် တဲ့ပုဆိုး
ဟို တိုး ဒီ တိုး နဲ့
မှောက် လျှက်လဲတော့
သောက် ရှက် လည်းကွဲပြန် တယ်။
အိမ် ရှင် မ ကလည်း
အိမ် အ ဝင် ဝ မှာ
ထမိန် မ ကာ ဆ။ဲ
က လေးက လည်း တဆူ ဆူ
ခွေး က လည်း တ အူ အူ
ပ လက် လွတ် ကာ
ဖိနပ်ချွတ် မှာပဲ
တွေ့က ရာ စွဲ လို့
ခြေသုတ်ကိုစောင် အမှတ်နဲ့ယူ
အောင် နက်နဲ့အတူ
အိပ်ခဲ့သည်။

In: ကဗျာ Posted By: Date: Jul 30, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment