Professional Authors

ယု

ယု….
ခခယယ တောင်းဆိုပါရစေ
ပါးပြင်ပေါ်က အမှတ်တံဆိပ်
အိပ်ယာနိုးတိုင်း ခပ်နှိပ်ပေးနော်

ယု….
ယုယုယယ ထွေးပွေ့ထားပါရစေ
အားငယ်စိုးထိတ်
ဘယ်တော့မှ စိတ်မညစ်နဲ့နော်

ယု….
ဖေးဖေးမမ တွဲခေါ်ပါရစေ
ခရီးဘယ်လိုပမ်း လမ်းဘယ်လောက်ကြမ်းစေ
လက်တွဲမဖြုတ်စတမ်းနော်

ယု….
ကြင်ကြင်နာနာ အားပေးပါရစေ
အခက်အခဲတွေနဲ့ ဘယ်လိုပဲရင်ဆိုင်
စိတ်ဓါတ်ခိုင်မာ ပါစေနော်

ယု….
ကြည်ကြည်နူးနူး ရည်စူးပါရစေ
နောင်သံသရာ ဘ၀အဆက်ဆက်
ပါရမီဖြည့်ဘက် အဖြစ်နော်

ယု….
တီတီတာတာ စကားဆိုပါရစေ
နှလုံးသားတစ်ခုလုံး ဆွတ်ယူခြွေသုံးပေါ့
ယု..တစ်ယောက်ကိုသာ အချစ်ဆုံးလေ….

လေးညှို့ရှင်
၂၇.၇.၂၀၁၄
(08:04 AM)

In: ကဗျာ Posted By: Date: Jul 28, 2014
Comment #1

အရမ်း​မိုက်​တယ်
အား​ပေးသွားပါတယ်​ဗျို …

Respect,
Loafer

commentinfo By: loafer at Jul 29, 2014
Comment #2

အားပေးတဲ့အတွက် ကျေးဇူးပါ loafer

commentinfo By: laynhyotshin at Jul 29, 2014
Comment #3

အားပေးသွားပါသည်။ 🙂

commentinfo By: နွေ at Jul 31, 2014
Comment #4

အားပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ် နွေ
🙂

commentinfo By: laynhyotshin at Jul 31, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment