Follow us on Facebook Follow us on Twitter Subscribe RSS Feed

Recent Comments

Professional Authors

“အကျဉ်းအမှတ် 1500”

အကျဉ်းအမှတ် “1500”
+++++++++++++++

အိပ်ပျော်နေတဲ့ အပျိုစင်ညမှာ
ရဲကားတွေ ဆူညံစွာကခုန်..
ဘယ်သူလဲလို့ ငါငုံ့ကြည့်တော့
နှလုံးသားတစ်ခု ပြေးလွှားနေတယ်
ရဲကားတွေရှေ့မှာ…။

ရဲသားတွေကပြောတယ် မင်းလက်နက်ချ အဖမ်းခံပါတဲ့
ကျွန်တော်ကြည့်လိုက်တော့
နှလုံးသားမှာ ဘာမှမရှိ….၊
တဆတ်ဆတ်တုန်ရီနေတဲ့ အပြုံးတွေပဲရှိတယ်
ဒါပေမဲ့ အဲဒိနှလုံးကောင်က
ကျွန်တော်လက်နက်ချပါတယ်တဲ့….။

သူ့ကို အချစ်ရဲတွေဖမ်းသွားကြ
အနမ်းတွေနဲ့ နှိပ်စက်နေ
သူ့မှတ်ဥာဏ်ထဲကို ဖျက်မရတဲ့
ပုံရိပ်တွေ ထိုးသွင်းထည့်…..။

ကျွန်တော်တောင်းပန်ပါတယ်
နှလုံးသားလေး မငိုပါစေနဲ့
ကြည့်စမ်းပါဦး…၊
အသုံးမကျတဲ့ အဲဒိကောင်က
ပြုံးလို့ရွှင်လို့….. သီချင်းတွေဆို…..။

ကျွန်တော်ကပဲ နှလုံးသားကိုယ်စား
ဆဲဆိုလိုက်တယ်…
“1500” အကျဉ်းထောင်ကြီးရေ…
ငါ့ကိုလည်း လွှတ်စမ်းပါလို့………….။




ရင်ခုန်သံနှင့် စည်းချက်မညီသူ
……………ကိုဇေ………..

In: ကဗျာ Posted By: Date: Jul 24, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Contributors