Professional Authors

Sweet Anniversary

လာ…
အတူတူသွားစို့…
စိန်ခေါ်မှုတွေကိုဖြတ်ကျော်…
ဘ၀လှေကို..တူတူလှော်ကြမယ်……

မညည်းမညူ…
တစ်ယောက်ကို တစ်ယောက် ဖေးကူလို့…
ချစ်ခြင်းတွေ ထပ်ထပ်ဖြစ်….
စိတ်ညစ်စရာတွေ မေ့ပစ်ကြမယ်….

တက်ညီ လက်ညီ…
ချွေးစက်တွေကို အရင်းတည်လို့
နှစ်ယောက်အတူ ဖောက်ခဲ့တဲ့လမ်း…
ခုဆို…
ဖြောင့်တန်းစပြုနေပြီလေ……

စိတ်ချမ်းသာမှုတွေနဲ့သွားကြစို့…
မေတ္တာအရင်းခံနဲ့…
နှစ်ယောက်အတူထားခဲ့တဲ့ သစ္စာကို
ဦးထိပ်မှာ ပန်ဆင်ကြမယ်…..

အပြုံးတွေဝေလို့..
အမှတ်တရ အဖြစ်အပျက်တွေနဲ့…
မရိုးတန်း ဖြတ်သန်းကြမယ့် ဇူလိုင် ၂၈……
ငါတို့နှစ်ယောက်အတွက်တော့….
အမြဲတမ်း…သစ်လို့လေ…….

လေးညှို့ရှင်
၂၂.၇.၂၀၁၄
(11:00 PM)

In: ကဗျာ Posted By: Date: Jul 23, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment