Follow us on Facebook Follow us on Twitter Subscribe RSS Feed

Recent Comments

Professional Authors

Myself

ပုရွက်ဆိတ်လေးကို ရိုက်သတ်ခဲ့တယ်
အများကြီးထပ်ပေါ်လာတယ် … ။
ငါ့ဘ၀ကို ရိုက်သတ်ခဲ့တယ်
အများကြီးထပ်ပေါ်လာတယ် … ။

ကောင်းကင်ကို စောင့်ကန်ကြည့်တယ်
ပတ်လက်လန်တယ် … ။
လူတွေကို လိုက်ယှဉ်ကြည့်တယ်
လက်မြှောက်ပါတယ် … ။

တေးသံကိုနားစွင့်ကြည့်တယ်
ငါယဉ်ပါးလာတယ် … ။
ကဗျာကိုစားသုံးတယ်
ငါလေးနက်လာတယ် … ။

အတ္တကိုမြည်းကြည့်တဲ့အခါ
အရမ်းခါးတယ် … ။
လောဘကိုသောက်တဲ့အခါ
ဘ၀ပျက်တယ် … ။

ငါ့ဘ၀ကိုငါမုန်းတဲ့အခါ
လူတွေကရယ်တယ် … ။
ရယ်တဲ့သူတွေကိုမပြောတဲ့အခါ
ငါကအရူးတဲ့ … ။
ရူးနေတဲ့အခါ
သူမချစ်တော့ဘူးတဲ့ … ။

ဘ၀ဆိုတာ “က၊ခ” ပါ
စာလုံးမပေါင်းတတ်ခင်ကပဲကောင်းတယ် … ။

By Loafer

In: ကဗျာ Posted By: Date: Jul 19, 2014
Comment #1

ဘ၀ဆိုတာ “က၊ခ” ပါ
စာလုံးမပေါင်းတတ်ခင်ကပဲကောင်းတယ် …
nice one.. YNWA bro

commentinfo By: oraorange at Jul 20, 2014
Comment #2

ပြန်ရေးနေပီပေါ့ ..
ကလောင်စွမ်းတွေက အရင်ကနဲ့မတူအရမ်းကိုထက်လာပါဒယ် ~

ဘ၀ဆိုတာ “က၊ခ” ပါ
စာလုံးမပေါင်းတတ်ခင်ကပဲကောင်းတယ် …
စာသားလေး အရမ်းမိုက်ဒယ် နောင်လည်း ကဗျာအသစ်တွေအများကြီးရေးနိုင်ပါစေဗျာ .

With respect,
RAY

commentinfo By: X - ray at Jul 25, 2014
Comment #3

ကဗျာ​တွေပြန်​​ရေး​နေပါပြီ
Ray ကဗျာ​တွေမ​ရေး​တော့ဘူးလား
တောင်းဆိုပါတယ်

With respect
Loafer

commentinfo By: loafer at Jul 27, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Contributors