Professional Authors

၁၉ ဂျူလိုင်

၁၉ ဂျူလိုင်
ခောတ်သစ်လူငယ်အသိကြွယ်တို့
မြင် စမ်းပါပေ့ ထိုထိုနေ့ကို
မိုးကအုံးအုံး တွင်းဝန် ရုံးဝယ်
ဂျစ်ကားအဆိုက် လူတသိုက်ကား
်စစ်ဝတ်ကိုလွှမ်းသေနတ် ထမ်း၍
ရုံးခန်းရှိရာ ဆိုက်ဆိုက်လာသည်
တစ်ဆယ်နာရီ သုံးဆယ့်ခွန်။
စစ်ဖိနပ်သံ ခွက်ခွက်ညံ၍်
အတင်းတွန်းဖွင့်တခါးပွင့်သော်
ခဏမဆိုင်း တဒိုင်းဒိုင်းနှင့်
မတ်တပ်တမျိုး ဒူးထောက်တဖန်
ပစ်ခတ်ပြန်သည်
ပတ်လတ်မှောက် ခုံ မြင် ကွင်းစုံဝယ်
ကျည် ရာဗလပွ သွေးပွက်ထ၍
မြင် မ ကောင်းပြီ
အ လောင်းပုံထပ် ရက်စက်လေသည်
ီ၈ ယောက်ဇာနည် အသက်ဆုံး။
မောင် ထွေးအတက်
် သူတို့အဆင်း လှေခါးရင်းတွင်
နောက်ထပ်တခါ ပစ်သတ်ပါ၍
သတ်တော်စောင့်ကြီး
တလျှက်ညည်းကာ
ကျည်ဆံသင့်၍သေရှာသည်။
အိုဘယ့်လူငယ်
မြင် စမ်းပါပေ့ ထိုထိုနေ့ဝယ်
သူတို့ချစ်ခင် သူတို့မြတ်နိုး
သူတို့လေးစား ဇာနည်များတို့
ရင် နင့်ဖွယ်သတင်း
ကြားကြားချင်းတွင်
တတိုင်းပြည်လုံး ယူကျုံးမရ
်ဆဲသံငိုသံသောသောညံသည်
သောကမုန်တိုင်းထန်သည့်နေ့။
မြင် တော့လူငယ်
အ လောင်းစင် တန်း
ထိုအခန်းတွင်
သားကြီးတဖန် သားငယ်တလှည့်
အသက်မဲ့ကို
ကြည့်၍ရှိုက်ငို ကမ္ဘာပြိုသို့
ံဘယ်ဘယ်စိတ်အား
သတ္တိများဖြင့် ကြိုးစားဖြေသိပ်
ငိုသံတိတ်မလဲ
ရှိုက်၍ချည်း သာ သောကဖြာသည်
ဇာနည်များတို့အ မေ ဘဝ။
လက်နက်တိုက်ဖောက်
လုပ်ကြံလောက်သည့်
သတင်းစကား ကြားရငြားလည်း
သူကားမမှု
တိုင်းပြည်ပြုသူ ထိုထိုလူကို
ဘယ်သူ သတ်ဖြတ်
်ရက်စက်နိုင် မည် မယုံကြည်တွေး
ဇာနည် သွေး သည်
နယ်ချဲ့စနက် ဖောက်ဖျက်သစ္စာ
အာဏာ ရစ်မူး လူဘီလူးတို့
အကြံပတ်စက် ရက်စက်လေ သော်
ှ်ပျက် ရရှာပြီ
အသက်ခန္ဓာ နိဂုံးတည်း။
ခောတ်သစ်လူငယ်
် သမိုင်းကိုသိ သတိရှိလော့
ုအ ကြောင်းကိုလှစ် အရင်းစစ်သော်
စောနှင့်နောက်လိုက် ထိုတသိုက်သည်
အာဏာရနိုး နယ်ချဲ့ကျိုးကို
သယ်ပိုး ဆောင် သည်
အသားထွင်းဖောက်
ထွက်သည့်လောက။်
အိုဘယ့်လူငယ် မ မေ့ဖွယ်ပေါ့
ကိုးဦးဇာနည် ဘာမထီတို့
ဇူလိုင် ၁၉ အဖြစ်ဆိုးကို
သွေးဖြင့် သမိုင်းရေးခဲ့သည်။ ။

ဝေယံအောင်(ဓါတုဗေဒ)




In: ကဗျာ Posted By: Date: Jul 17, 2014
Comment #1

အဲ့သည့်နေ့ ဂိတ်စောင့် တစ်ယောက်ရှိခဲ့တယ်လို့သိရတယ် ။သူ့ကို သေနတ်နဲ့ချိန်ပီး အသံမထွက်နဲ့လို့ ပြောပီး ရုံးခန်းထဲ အတင်းဝင်သွားခဲ့တယ်လို သိရတယ်။( မှားချင်လဲမှားနိုင်တယ်)။ အဓိကတော့ သူရဲ့ သူရဲဘောကြောင်ပီး တွေဝေမှူ့ကြောင့်လို့ပဲပြောချင်တယ် သူသာခေါင်းဆောင်တွေ အတွက် ပြန်လည်တိုက်ခိုက်ခဲ့ရင် ခေါင်း ဆောင် တွေ တစ်ခုခုလုပ်ဖို့ အချိန်ရမှာပဲ….

commentinfo By: နေ့သစ် at Jul 18, 2014
Comment #2

ကိုနေ့သစ်ကျေးဇူးပါ

commentinfo By: Wai Yan Aung at Jul 19, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment