Professional Authors

အလွမ်းဆိုတာ ငါ့ဦးနှောက်ထဲက နင့်ပုံရိပ်တွေပါ

အတိတ်က လူတစ်ယောက်ကို
ကဗျာတစ်ပုဒ်နဲ့ နှုတ်ဆက်ခဲ့ပေမယ့်
သူ့အကြောင်း တွေးမိနေတုန်း

အလွမ်းဆိုတာ
ငါ့ဦးနှောက်ထဲကနင့်ပုံရိပ်တွေပါ။

ကျောခိုင်းသွားတဲ့ ငါ့မျက်ရည်တွေ
သူမမြင်နိုင်တော့…

တစ်ခါတစ်လေ ကံကြမ္မာဆိုတာကို
ငါ မုန်းတယ်
သူ့ရဲ့ ရက်စက်တဲ့ စေစားချက်တွေအောက်
မျှော်လင့်ချက်တစ်ခု ကြေမွ
ငါ့နှလုံးသား မြေမှာ ခ နေပါပြီ။

ငါ့ဘဝရဲ့အချစ်နတ်သမီး
နင့်ဘဝတစ်လျှောက်မှာငါ့ကို
ချန်ရစ်ထားခဲ့ပါပြီလေ။

နင့်မျက်ဝန်း နင့်အပြုံးသိပ်လှလွန်းတယ်
သိပ်လှလွန်းဆဲပါလေ
ငါ့အတွက် မဟုတ်မှန်း သိသိ
ငါ ခိုးယူချင်မိပါတယ်။

အခုတော့…အခုတော့
မျှော်လင့်ချက်တို့မြေမှာ ခ
ငါ့နှလုံးသားတို့ ကြေမွလို့နေပါပြီ။ ။

In: ကဗျာ Posted By: Date: Jul 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment