Professional Authors

ကျွန်တော့်နှလုံးသားမှကူးချထားသောအချစ်ကဗျာတစ်ပုဒ်

”ဆန့်ကျင်ဘက်” ဆိုတဲ့
စကားလုံးလေး”သုံးလုံး”ကြောင့်…………
ကျွန်တော် သူ့ကိုချစ်လို့မရတော့ဘူးလား?……….
ဟုတ်ပါတယ် ကျွန်တော်မငြင်းပါဘူး…….
သူကသက်တောင့်သက်သာ
ငြိမ့်ငြိမ့်ညောင်းညောင်းလေး
Driver အကူအညီနဲ့………….
အလှမပျက် စထွက်ကတည်းက
ကိုယ်ပိုင်ကားလှလှလေးပေါ်မှာ………..
ကျွန်တော်က ဘတ်စ်ကားဂိတ်ထိ
လမ်းလျှောက်…………
လာခဲလှတဲ့ ”၁၂၄” ကို
ခြေညောင်းလုမတတ် ရပ်စောင့်…………..
လူကြပ်နေလည်းတိုးလို့စီး
ဇိမ်နဲ့ စီးဖို့ဆိုတာအဝေးကြီးပါ…………..
သူကနေ့လည်စာအတွက်မပူမပင်
ကြိုက်တဲ့ Canteen ဝင်………….
သူငယ်ချင်းတစ်သိုက်နဲ့
ကြိုက်တဲ့ ဟင်းလျာမှာစားနေတဲ့အချိန်……….
ကျွန်တော်ကရှိတဲ့ဟင်းလေးနဲ့
ထမင်းချိုင့်လုပ်…………
တို့စရာချဉ်ပေါင်ပြုတ်လေးနဲ့
တစ်ယောက်တည်းပါ အထီးကျန်…………
ပညာအရည်အချင်းကအစ
သူက စာတော်တယ်
ကျွန်တော်က စာညံ့တယ်……………..
ကျောင်းကျတော့လည်း
သူကမြို့တွင်းမှာတက်တယ်
ကျွန်တော်က မြို့ပြင်မှာတက်တယ်…………..
နောက်ဆုံး…….
သူက ရုပ်လေးလည်းချော
အရပ်လေးလည်းရှည်…………….
အပြောချိုချိုနဲ့ ချစ်စရာကောင်းတဲ့ခင်………….
ကျွန်တော်က ရုပ်ဆိုးဆိုး အရပ်ပုပု
အပြောမတတ်နဲ့ အချောမက်တာကိုး………….
မှန်ပါတယ် သူနဲ့ကျွန်တော်ကဘယ်လိုမှ
ယှဉ်လို့မရပါဘူး……….
သူနဲ့ကျွန်တော်က ဘယ်လိုမှ
မဖြစ်နိုင်ပါဘူး………..
ဒါပေမယ့် ကျွန်တော်လေသူ့ကို
သိစေချင်လိုက်တာ…………
နှုတ်ခမ်းပေါ်မှာ မှည့်လေးနဲ့
ကောင်မလေးတစ်ယောက်…………
ဒီကဗျာဖတ်ပြီး သူစိတ်ဆိုးမှာ
ကျွန်တော် အရမ်းကြောက်…………
မနီးစပ်တော့ရင်လည်း သူက
ကျွန်တော့်အတွက်……………
ပထမဆုံးနဲ့ နောက်ဆုံးတစ်ယောက်………….

In: ကဗျာ Posted By: Date: Jun 30, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment