Professional Authors

မော်ဒန်ကဗျာတစ်ပုဒ် ခေါင်းရှုပ်ရှုပ်နဲ့ ရေးခဲ့ဖူးခြင်း

မိုးသားတွေ အုံ့မှိုင်းနေတဲ့ မြို့ပြရဲ့ ညတစ်ည….
မှိတ်ထားတဲ့ မျက်လုံးများနဲ့ အဝေးတစ်နေရာကို လှမ်းကြည့်နေမိတယ်…

ပြင်းပြတဲ့ ၀သီဆန္ဒ….
မာနရဲ့ လက်မြှောက်ခြင်းကို….
တလေးတစားနဲ့ သူခံယူခဲ့တယ်….
ရင်မော့ ခေါင်းကော့ ပြီးပေါ့….

ဘ၀တစ်ခုကိုဖြတ်သန်းဖို့…
ဘ၀တစ်ခုကို စတေး….
သမုဒ္ဒရာထဲ လက်ပစ်ကူးနေတဲ့ ဗေဒါတစ်ရွက်လို…
ဘ၀ဆိုတာကို ခြေစုံကန်ခဲ့တယ်….

ဘာလဲ မှန်တယ်…
ဘာလဲ မှားတယ်…
မတူညီတဲ့ နှစ်ခုအကြား…
ကျွန်တော် မပြောပါနဲ့…..
ခေါက်ချိုးမညီတဲ့ တြိဂံတစ်ခုအတွက်…
ပိုက်သာဂိုးရပ် လဲ ရူးခဲ့ဖူးတယ်….

အဖြူရောင်ဖျော့ဖျော့ မာန နဲ့…
အမည်းရောင်ရင့်ရင့် အတ္တအကြား…
ဘယ်ဟာကို ရွေးရမလဲ…
ဘယ်ဟာက မှန်မလဲ….
နားမလည်နိုင်တောင်….
ခေါင်းတော့ ညိတ်ပေးခဲ့တယ်…
ခင်ဗျားတော့ ကြေနပ်သွားမှာပေါ့…

အည်မသိ ရှေးစာဆိုရေ…
ခင်ဗျားက ကောင်းတယ်ဆိုပေမဲ့…
ကျွန်တော့ အတွက်တော့ ကောင်းချင်မှကောင်းမှာပါ…
ခင်ဗျား ရေးတဲ့ ခင်ဗျား ဦးနှောက်…
ယောင်လို့တောင် ကျွန်တော် ဖောက်မစားခဲ့ဖူးလေ….

တစ်ယောက်ထဲ အထီးကျန်…
ကိုယ့်အမြင်ကိုယ် မသိ…
ကိုလိုချင်တာ ကိုယ် မသိတဲ့…
ကျွန်တော်လို ငမိုက်သားအတွက်….
သောကြာနေ့ရဲ့ ဆောင်းတစ်ညလိုပေါ့..
အရာရာဟာ ခြောက်ကပ်….

ကျွန်တော် မပြောတက်တာပါ…
ရင်ထဲမှာခံစားနေတဲ့ အဖြစ်…
တစ်ကတစ်..
နှစ်ကနှစ်…
သုံးက သုံး…
အားလုံးပေါင်းလို့တော့ မဖြစ်သေးပါဖူး….

နေရပ်က အပြန် …
ထိုးမုန့်လေး တစ်ဘူး…
ကျွန်တော် မမှာပါဖူး…
အာခိစ့်လိစ့်ရဲ့ ခြေဖနှောက်ထဲလဲ ကျည်တစ်တောင့် ကျွန်တော် ပစ်မသွင်းဖူးဘူး…

ထားပါလေ…
သူပြောတဲ့သူ့စကား…
သူ့အတွက်မှန်မှာပေါ့…
ကျွန်တော့ အတွက်တော့…
.
.
.
.
.
.
ခေါင်းငြိတ်ပြီး ငြင်းလိုက်ရုံမှ တစ်ပါး အခြား မရှိလေဖူး …..

In: ကဗျာ Posted By: Date: Jun 27, 2014
Comment #1

မော်ဒန်ကို နားမလည်ပေမယ့် …..နားလည်ချင်ခဲ့တယ်…..နားလည်ဖို့ ကြိုးစာရင်း မျက်စိတွေ နောက်သွားတယ်….
တစ်ခုပဲ ….မော်ဒန်နဲ့ပတ်သက်လာရင် ရိုးသားမှူ့ကိုပဲ လိုချင်တယ် စာရေးသူ အဲ့သည့်အချိန်(ကဗျာရေးနေတဲ့ အချိန်)က ဘာတွေကို တွေးပီးရေးလိုက်သလဲဆိုတာ ကို စကားပြေ အနေနဲ့ ဖတ်ချင်တယ် …ရိုးရိုးသားသား နဲ့ပေါ့ လှည့်ပတ်မတွေးပဲနဲ့ပေါ့

commentinfo By: နေ့သစ် at Jun 30, 2014
Comment #2

အဲ့အချိန်တုန်းက ကျွန်တော်စဉ်းစားနေတာတွေကိုသာ စကာပြေလုပ်မယ်ဆိုရင် ကိုနေ့သစ်တစ်ယောက်ပိုခေါင်း ရှုပ်သွားမယ်ထင်ပါတယ်…. မော်ဒန်ဆိုတာ ကိုလိုချင်တာကို ကိုယ်တွေးပိုင်ခွင့်ရှိပါတယ်…. အဓိပ္ပါယ်ဆိုတာကို သူက ငြင်းဆန်နေတယ်…မိတ်ဆွေအတွက်အကောင်းဆုံး အကြံကတော့ ကိုယ်စိတ်ကူးနဲ့သာကိုယ်ပုံဖော်ကြည့်လိုက်ပါလို့ ဗျာ

commentinfo By: Meaningless at Oct 3, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment