Professional Authors

ငါလား..ဘာကောင်

ဟိုဟာတစ်ခု ရဖို့
ဓါတ်လိုက်သလိုလို ဗိုက်အောင့်သလိုလိုနဲ့
ကျွန်တော့်ရင်ဖုံး စာတန်းက ထိုက်တန်ပါရဲ့လားတဲ့။

သူတို့ချောင်းထဲ သူတို့မျော
ကျနော်ကတော့ ပေါလောပေါလောနဲ့
အတောင်သေးတော့ အရောက်နှေးသကိုး
ခင်ဗျားတို့ပဲ ကျော်သွားကြပါ။

အလံလည်းမထောင်နိင်
တိုင်လည်းမတက်နိင်နဲ့
လက်ရမ်းက ယိုင်နဲ့နဲ့
အားလုံးနဲ့ကျွန်တော်
သူလှော် ကိုယ်လှော်ပါပဲ။

သီအိုရီ မနိင် လက်မပိုင်နဲ့
ကျွန်တော်ကိုင်သမျှ ၀ါကျတွေက
လူလုံးသူလုံးမရှိလှဘူး။

သူတို့ထိုးသမျှ လက်ချောင်းတွေပြန်ရေဖို့
သူတို့မသိအောင် ကျွန်တော် သင်္ချာပြန်လေ့ကျင့်ရမယ်။

ဒီိလိုနဲ့ လတ်လျားလတ်လျား
ကျွန်တော့်ခြေသလုံးတွေ
သမာဓိ တွေတိုးလို့
အားလုံးကို ခန့်ခန့်ကြီးပြူံးနိင်တဲ့ ဇာတ်ဝင်ခန်းမှာ
နောက်ဆုံးတော့ မင်းဘာကောင်လဲလို့
စာတန်းကြီးကြီး ပြန်ထောင်ပြမယ်။ ။

နေသွေး

In: ကဗျာ Posted By: Date: Jun 20, 2010
Comment #1

ပြူံး ဆိုတာက ပြုံးတာလား ပြူးတာလားဟင်…..
ပေါလောပေါလောဆိုတော့ ဘာကောင်ဆိုတာထက် ဘာဆိုတာ နားလည်သလိုလိုဖြစ်သွားတယ် 😛

commentinfo By: မနောဖြူလေး at Jun 21, 2010
Comment #2

သီအိုရီ မနိင် လက်မပိုင်နဲ့
ကျွန်တော်ကိုင်သမျှ ၀ါကျတွေက
လူလုံးသူလုံးမရှိလှဘူး။

ဒီကဗျာမှာတော့ ၀ါကျတွေက လူလုံးသူလုံး ရှိတယ်လို့ခံစားမိပါကြောင်း

commentinfo By: အငွေ့ at Jul 18, 2010
Comment #3

အတောင်သေးတော့ အရောက်နှေးသကိုး
ခင်ဗျားတို့ပဲ ကျော်သွားကြပါ

ကောင်းတယ်ဗျ

commentinfo By: MyoZin at Jul 6, 2011
Comment #4

သူတို့ချောင်းထဲ သူတို့မျော
ကျနော်ကတော့ ပေါလောပေါလောနဲ့
အတောင်သေးတော့ အရောက်နှေးသကိုး
ခင်ဗျားတို့ပဲ ကျော်သွားကြပါ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment