Professional Authors

သတိရတယ်

နင်ငါ့ကို သတိမရလည်း
နင့်ကိုငါသတိရတယ်။

နင်နဲ့ပတ်သက်ခဲ့သမျှ အရာအားလုံးအတွက်
နင့်ကို ငါ… သတိရတယ်။
နင်နဲ့မသက်ဆိုင်နိုင်တဲ့အရာအားလုံးအတွက်
နင့်ကို ငါ… သတိရတယ်။

နင်ပြောဖူးခဲ့တဲ့စကားလုံးတိုင်းအတွက်
နင့်ကို ငါ … သတိရတယ်။
ငါကြားချင်ခဲ့တဲ့ စကားလုံးတိုင်းအတွက်
နင့်ကို ငါ… သတိရတယ်။

ဘယ်အချိန်ဘယ်အခါထိရယ်လို့
ငါ မသတ်မှတ်တတ်ခဲ့ဘူး။
ဒါပေမယ့်….
သေချာတာတော့ ခု ငါ….
နင့်ကိုသတိရတယ်။
သတိရခြင်းများစွာနဲ့….
နင့်ကို ငါ…သတိရတယ်။
နင်ငါ့ကို သတိမရလည်း….
နင့်ကို ငါ… သတိရတယ်။

သင့်ချစ်သူ (June 2, 2014)

In: ကဗျာ Posted By: Date: Jun 23, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment