Professional Authors

ရုန်းထွက်ခဲ့ ပါ………………

နေ့ ရက်အိုအိုတွေမှာပဲငါတို့ ယစ်မူးမယ်ပေါ့ 

မင်းရင်ဖွင့် ခဲ့ တယ်နော်

ဒါဟာကွန်ဆာဗေးတစ်တစ်ယောက်ရဲ့ 

သီချင်းအိုအိုထဲက……………………..

ကာရန်မဲ့ တဲ့ ဒသနတစ်ခုလိုပါပဲ။

ငါကခုဆိုငါ့ ရာသီအသစ်လဲလှယ်ပွဲတစ်ခုမှာ

စိမ်းလန်းတဲ့ သစ်ရွက်တွေပွင့် ဝေစေချင်ခဲ့ ပေမဲ့ 

သစ်ခြောက်ပင်တစ်ကောင်လို

မင်ဖက်တွယ်ထားတာက

နွေခေါင်ခေါင်ညတွေပါသူငယ်ချင်း

ငါထင်တယ်……………………………

မဟုတ်ဘူးငါပြောရဲတယ်

မင်းဟာပြက္ခဒိန်မရှိတဲ့ နှစ်မှာ

မွေးဖွားလာတဲ့ ………………………….

အခွံကောင်တစ်ယောက်ပါ……………..

မင်းရဲ့ ဖွားဘက်တော်တွေက

ယတြာချေရင်းနဲ့ လက်ပြတက်နေပြီဆိုတာ

မင်းသိပါတယ်………………………….

မင်းသိပါတယ်သူငယ်ချင်းရယ်

ငါပြောချင်တာက

မင်းရဲ့ လမ်းဒေါင့် လေးတွေမှာ

လူကိုကိုက်တက်တဲ့ ခွေးမဲမဲကြီးတွေ

ရိုးအီသောသံစဉ်တွေနဲ့ မင်းကိုပွေ့ ဖက်နေတုန်း

မင်းရဲ့ အိမ်မက်သေးဆုံးသွားနိုင်တယ်ဆိုတာပါပဲ

သူငယ်ချင်း…………….

မင်းရှင်သန်နေတဲ့ 

ကမ္ဘာ့ ရွာမှာတော့ ပြက္ခဒိန်တွေ

နာရီလက်တံတွေနဲ့ 

ခရီးသစ်တွေသွားနေတယ်ဆိုတာပေါ့ 

 

                                           မင်းလူန

In: ကဗျာ Posted By: Date: Jun 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment